ဒီနေ့ M2 (Mobile Legends World Champion) ပြိုင်ပွဲ စတင် ကျင်းပ၏။ အုပ်စု ပွဲစဉ်တွေ စတင်ကစားကြ၏။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ယှဥ်ပြိုင်မည့် BG အသင်း ဒီနေ့မှာ ရရှား ကိုယ်စားပြု UNQ တို့ ယှဥ်ပြိုင် ကစားကြ၏။ အုပ်စု ပွဲစဥ်တွေက Best of Three ပွဲစဥ်တွေ ဖြစ်၏။ BOT 3 ဆိုတော့ (၂) ပွဲနိုင်လျှင်ရပြီ ဖြစ်၏။ အုပ်စု တခုမှာ (၃) သင်းစီ ပါဝင်၏။ အုပ်စု ပထမတွေက upper bracket မှာ အသင့်လေး စောင့်နေရုံ ဖြစ်၏။ အုပ်စု ဒုတိယနှင့် တတိယတွေကတော့ lower bracket မှာ ဆက်လက် ယှဥ်ပြိုင် ကစားကြရမည် ဖြစ်။ (upper bracket ကို ပြန်လည် တက်လှမ်း နိုင်ဖို့ကိုပေါ့)
MPLI မှာတုန်းက ပရိတ်သတ်တွေ မျှော်မှန်း ထားသလောက် အောင်မြင်မှုတွေ မရယူပေးနိုင်ခဲ့သည့် BG အနေနှင့်တော့ ယခု M2 မှာ တစုံတရာ ထူးထူးခြားခြား လုပ်ပြ နိုင်ဖို့ လိုနေပြီ ဖြစ်၏။ တကယ်လည်း လုပ်ပြနိုင်လိမ့်မည်ဟု ယုံကြည်၏။ MPLI တုန်းက လုပ်မိခဲ့သည့် အမှားလေး အနည်းငယ် ကိုသာ ပြင်ဆင်ပြီး M2 မှာ အကောင်းဆုံး ပြန်လာနိုင်မည်ဟု ယုံကြည်၏။ M1 တုန်းက စွမ်းဆောင်ပြခဲ့သည့် BG ၏ အရည်အချင်းတွေကို ယခု M2 မှာလည်း ထပ်မံ မြင်တွေ့ရတော့ မည် ဖြစ်၏။
MPLI မှာတုန်းကတော့ online ကနေသာ ကျင်းပခဲ့၏။ ယခု M2 ကိုတော့ covid 19 ရှိနေပေမယ့် outdoor ပြိုင်ပွဲ အဖြစ် ကျင်းပ၏။ singapore နိုင်ငံမှာ ကျင်းပ၏။ ဒီနေ့ January 18 ရက်နေ့မှ စတင် ယှဥ်ပြိုင်ကစား ပေမယ့် ပြိုင်ပွဲဝင် အသင်းတွေကတော့ 2 ပတ်လောက် ကြိုပြီး ပြိုင်ပွဲ ကျင်းပရာ singapore နိုင်ငံသို့ ရောက်နှင့် နေရ၏။ covid ကာလ ဆိုတော့ Q ဝင်ဖို့ကိစ္စရပ်နှင့် အခြား ကျန်းမာရေး ဆိုင်ရာ စစ်ဆေး စောင့်ကြည့်စရာတွေ ရှိသေးသည် မဟုတ်လား။
သတင်းတခုတောင် တက်လာသေး၏။ ပြိုင်ပွဲကစားမည့် ကစားသမား တဦး လေယာဥ်မစီးခင် စစ်ဆေးရာမှာ covid 19 ပိုးတွေ့ခဲ့သဖြင့် ကျန်နေခဲ့ရ၏။ ပြိုင်ပွဲ အမှီ သူ လိုက်သွားနိုင် မသွားနိုင်ကတော့ သေချာ မသိရပေ။ အသင်းအတွက်ကတော့ ထိုးနှက်ချက်ပင်။ covid ကား အတော်လေး နှောက် အတော်လေး ဆိုးလှ၏။
ယနေ့ ကျင်းပသည့် အုပ်စု ပွဲစဥ်တွေက တပါတည်း အပြီး ကစားခြင်း ဖြစ်၏။ ဆိုလိုတာက အုပ်စု တစု တခါတည်း အပြီးပေါ့။ ယနေ့မှတော့ group A, B တို့ ယှဥ်ပြိုင် ကစားကြ၏။ BG အနေနှင့် မနက်ခင်းက ယှဥ်ပြိုင်ခဲ့ရသည့် UNQ အသင်းကို ၂ ပွဲပြတ်နှင့် အနိုင်ရခဲ့၏။ ညဦးပိုင်းမှာ ယှဥ်ပြိုင်မည့် RSG နှင့် ပွဲစဥ်သာ နိုင်လိုက်ပါက အုပ်စု ပထမနှင့် Upper bracket မှာ သာသာယာယာလေး စောင့်နေဖို့သာ ရှိတော့၏။ Fighting BG