Home Stay (Chapter 273)

avatar

FB_IMG_1599214068459.jpg

Home Stay ကာလ ရှည်ကြာလာမှု နှင့်အတူ ပွဲလမ်းသဘင်တွေနှင့် ဝေးကွာလာမှုလည်း ကြာမြင့်လာပြီ ဖြစ်၏။ covid 19 ကြောင့် ပွဲလမ်း သဘင် လူစု လူဝေး မလုပ်ရသဖြင့် ပွဲလမ်း သဘင် ပျော်ပွဲရွှင်ပွဲ နှစ်သက်သူ မြန်မာ လူမျိုးတို့ အဖို့ တကယ့်ကို စိတ် မကျေနပ်စရာပင်။ ခက်တာက မကျေနပ်လည်း ဘာမှ လုပ်မရဘူး မလား။ မကျေနပ်လည်း home stay ကျေနပ်လည်း home stay ပင်။ ကျန်းမာရေးက အရေးကြီးသည် မဟုတ်လား။

Covid 19 ဟု ခေါင်းစဥ် တပ်သော်လည်း 2020 ပြီးလို့ ယခု 2021 ထဲသို့ပင် ချည်းနင်း ဝင်ရောက်လာနေပြီ ဖြစ်၏။ တနှစ်ကျော် ကြာလာသည့်တိုင် အဆိုပါ ရောဂါကို အမြစ်ပြတ် မတိုက်ထုတ် နိုင်သေးပေ။ အမြစ်ပြတ် ဖို့ နေနေသာသာ ခုခံမှုတောင် မလုပ်နိုင်သေးပေ။ လှိုင်းတွေ တဆင့်ပြီး တဆင့် ဖြစ်လာ နာမည်တပ်လာသည်ကိုပဲ ကြည့်။ ခုတောင် တတိယလှိုင်းဆိုပြီး နာမည်ပေး ကင်ပွန်းတပ်က လုပ်ချင်နေကြသေး၏။ အနှီ covid ကား အသက်ပြင်းလွန်းလှ၏။

why_homestay_available.png

ခုတောင် ပိုးက မျိုးကွဲ ဆိုလား အသွင်ပြောင်း ဆိုလား နဂိုထက် စွမ်းရည်မြင့်သည့် ပိုးဆိုလား ဗြိတိန်မှာ တွေ့သည် ဆိုပြီး ပြောနေကြသည် မဟုတ်လား။ ထိုပိုးက လက်ရှိ ထုတ်လုပ်ထားသည့် covid ကာကွယ်ဆေးတွေနှင့် တားနိုင် မနိုင်ကိုတော့ တိတိကျကျ မသိရသေးပေ။ ငိုအားထက် ရယ်အား သန်ရတဲ့ အဖြစ်က ရှိသေး၏။ ဘာတဲ့ အဆိုပါ အသွင်ပြောင်းပိုး တရုတ်မှာ တွေ့သည်ဆိုတော့ တော်တော်များများ လက်ခုပ်တီး ပြုံးရယ်ကြ၏။ နင်လည်း ခုမှပဲ အိမ်ပြန်တော့တယ်တဲ့လေ။

ပိုးအသစ်က မည်သို့ နေမည် မသိ။ ကိုယ်တွေဆီမှာတော့ အဟောင်းနဲ့တင် လုံးခြာလည် လိုက်လို့ ကောင်းနေတုန်း။ ဘာပဲ ဖြစ်ဖြစ် ဒီလောက်ထိ တောင့်ခံလာနိုင်တာကို ကျေးဇူး တင်ရပေလိမ့်မည်။ ကမ္ဘာ မပြောနဲ့ ဒေသတွင်း နိုင်ငံတွေ ကြားမှာတောင် ကိုယ်တွေ၏ ကျန်းမာရေး စောင့်ရှောက်နိုင်မှုက အားနည်းသည် မဟုတ်လား။ အားနည်းသော်လည်း အကောင်းဆုံး တောင့်ခံ တင်းခံ ဖြေရှင်း နိုင်၏။ အလေအလွင့် အဖိတ်အဆင်တွေ ရှိခဲ့ ပေမယ့် အခြားအခြားသော နိုင်ငံတွေ ထက် စာလျှင် တော်သေး၏။

အများ မထင်မှတ် ထားလောက်အောင် ရွှေမြန်မာတွေ တောင့်ခံ လုပ်ပြနိုင်ခဲ့၏။ ဆက်လက်ပြီး တောင့်ခံ နိုင်ဖို့ပဲ လို၏။ home ပဲ stay နေလို့တော့ မရတော့ပေ။ covid က အမြစ်ပြတ် ဖို့ မလွယ်သေးဘူး မဟုတ်လား။ ထို့ကြောင့် ရောဂါ နှင့်အတူ ယှဥ်တွဲ နေထိုင်မှပဲ ရတော့ မည်ဖြစ်၏။ လုပ်စရာ ရှိ လုပ် သွားစရာ ရှိ သွား။ ဒါပေမယ့် ကျန်းမာရေး နှင့် အညီ ချမှတ်ထားသည့် စည်းကမ်းတွေကိုတော့ လိုက်နာရပေလိမ့်မည်။ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ပါ။ မိမိကစ ကာကွယ်ခြင်းဖြင့် နောက်ထပ်လှိုင်းတွေကို ရပ်တန့်လိုက်ရအောင်။
Fighting Myanmar
Fighting World

Don Jaun



0
0
0.000
0 comments