Home Stay (Chapter 272)
ပျင်းနေရင် ဖျင်းသွားမည်ဆိုတဲ့ စကား ကျနော်တို့ ကြားဖူးကြ၏။ ငယ်စဥ် စာသင်သား ဘဝက ဘိုးဘွား မိဘ ဆရာသမားတွေ ပြောပြောနေကြ စကား ဖြစ်၏။ ပျင်းတာ မကောင်းဘူး ဆိုပေမယ့် ကျနော့် တကိုယ်ရေ အမြင်ကတော့ တခါတလေ ပျင်းတာကောင်း၏။ တခါတလေ ကနေ အမြဲလိုလို ဖြစ်သွားရင်တော့ မကောင်းတော့ပေ။
ပျင်းရင် ဖျင်း၊ ပြီး ကိုယ်စွမ်းဉာဏ်စွမ်း ကိုယ်ရည်ကိုယ်သွေးတွေလည်း ကျသွားနိုင်၏။ ကျနော် ခုတလော ပျင်းနေ၏။ အမယ် အထူးအဆန်း လုပ်လို့၊ မင်းက ပျင်းနေကြပဲ မလား။ ဟုတ်ပါသည် ပျင်းနေကြ ဆိုပေမယ့် ခုတလော ပျင်းနေတာတော့ အတော်ကြာ အတော်ဆိုး၏။ သိသိရဲ့နဲ့ ပျင်း ဆိုသလိုပေါ့။ အိပ်ချင်ယောင်ဆောင်သူကို နှိုးရ ခက်သည် မဟုတ်လား။
ခုတလော ဘာ plan မှ မရှိနေပေ။ အတွေးတွေကလည်း ရေရာတိကျမှု မရှိ၊ တောင်စဥ်ရေမရတွေသာ။ တချို့ အတွေးလေးတွေက မဆိုးပေမယ့် plan ချ ဖြစ်သည် အထိတော့ မရောက်ပေ။ ကိုယ့်ကိုလည်း မေးခွန်းထုတ်ကြည့်မိ၏။ အဖြေတော့ မရပေ။ ငါ ဘာဖြစ်ချင်နေသနည်း။
ငါက မပျောက်သွား၊ ငါ့ကိုယ်ငါ ရှာမတွေ့တာ မဟုတ်။ မရှာဖြစ် မရှာလိုနေခြင်း ဖြစ်၏။ ထို အချက်က အတော်လေး ဆိုးလှ၏။ ဘာ အလုပ်မှ မလုပ်ဖြစ်ပေ။ လုပ်စရာ ရှိနေသည့် crypto currency လေးတွေဖက်တောင် ကောင်းကောင်း အာရုံ မစိုက်နိုင်ပေ။ ပုံမှန် လုပ်နေရမည့် post ရေး တင်ခြင်းကိုတောင် မလုပ် ချင်ချင်ပေ။ တော်တော်လေး ဆိုးနေ၏။
Leo မှာ ပိုစ့် ရေးဖြစ်ဖို့ နေနေသာသာ Hive မှာတောင် နပ်မမှန်ပေ။ hive account ကနေ leo account လုပ်ခဲ့သော်လည်း leo မှာက ပိုစ့်ရေးလို့ မရနေပေ။ ဘာလို့ရယ် မသိ အဖြေလည်း ရှာမရ၊ သို့နှင့် leo account အသစ် လုပ်လိုက်ရ၏။ account အသစ်ကနေ ပိုစ့်တွေ ရေးတင်လို့ရပေမယ့်၊ ပိုစ့် မရေး ဖြစ်နေပေ။ တပြား ဖြစ်ဖြစ် နှစ်ပြား ဖြစ်ဖြစ် ရလည်း နည်းလားဆိုပြီး စုရမည် မဟုတ်လား။ ရေး ဆိုပေမယ့် hive မှာကလည်း ရေးနေရသေးသည် မဟုတ်လား။ ထို့ပြင် leo မှာက crypto နှင့် finance အကြောင်းသား ရေးလို့ ရသည်ကိုး။ ဘာပဲ ဖြစ်ဖြစ် ကိုဟိန်း အားပေးသလို အားစိုက် လုပ်ဆောင်ဖို့တော့ လို၏။ hive လည်း hive, leo လည်း leo ရသလောက် စုဆောင်း ရပေတော့မည်။