Home Stay (Chapter 267)
ဒီနေ့ပိုစ့်က unicode နှင့် ရိုက်သည့် ဒုတိယမြောက်ပိုစ့် ဖြစ်ချေတော့၏။ မနေ့လိုပဲ မှားတုန်းပင်။ သို့ပေမယ့် တကယ်တမ်း ရိုက်ကြည့်တော့ unicode ကတောင်ပိုပြီး ရိုက်လို့ကောင်း အဆင်ပြေနေသေး၏။ တချို့စာလုံးတွေကို လွယ်ကူစွာ ရိုက်နိုင်၏။ အစပိုင်းသာ ကသီပေမယ့် နောက်ပိုင်း အသားကျလာတော့ တဖြည်းဖြည်း အဆင်ပြေလာ၏၊ zawgyi, unicode က အတော်လေး ကျနော်တို့ကို အလုပ်များသွားစေခဲ့၏။ စနစ် (၂) ခုနှင့် အလုပ်ရှုပ်နေခဲ့ရာမှ ယခုအခါမှာတော့ စနစ်တခုထဲကို ပီပီပြင်ပြင် သေသေချာချာလေး သုံးရတော့မည့် အချိန်လည်း ရောက်လာခဲ့ပြီ ဖြစ်၏။ zawgyi မှာ အသားကျနေသဖြင့် အဆင်လုံး၀ ပြေလိမ့်မည်ဟု မထင်ထားသည့် အကူးအပြောင်းက ခပ်မြန်မြန်ပဲ အဆင်ပြေသွား၏။
ယခင် zawgyi ရိုက်တုန်းကလိုတော့ typing speed က မမြန်သေးပေ။ unicode ကျေးဇူးကြောင့်လည်း laptop ကို ပြန်ဖွင့် ဖြစ်ခဲ့၏။ zawgyi မပြောင်းရသေးတာကို အကြောင်းပြပြနေတာနှင့်ပဲ laptop ကို မဖွင့်ဖြစ်ဘူးမလား။ တစိတ်ရှိ phone နှင့်ပဲ စာကို ရိုက်နေခဲ့သည်ကိုး။ ခုတော့ laptop နှင့် ပြန်ရိုက်နေပြီ ဖြစ်၏။ မြင်ကွင်း ကျယ်ကျယ်နှင့်ပေ့ါ။ အသားမကျေသေးလို့ စာလုံးပေါင်း အမှားတွေများ ပါနေခဲ့လျှင်လည်း သည်းခံပေးကြပါဦးလို့။ မည်သို့ပင် ဆိုစေ steemit တို့ hive တို့ကို အတော်လေး ကျေးဇူးတင်မိ၏။ သူတို့ကြောင့် အပို၀င်ငွေလေးများလည်း ရသလို သူတို့ကြောင့်ပဲ စာရိုက်ဖြစ်လို့ laptop နှင့် မကင်းမကွာ ဖြစ်ရ၏။ သတိရမိသေး၏။ laptop စ၀ယ်ဖြစ်တုန်းက အချိန်ကာလကို။
ထိုစဥ်က ကျောင်းပြီးစ၊ (၂၀၁၂) လောက်တော့ ဖြစ်မည် ထင်၏။ သူငယ်ချင်းတွေက programming သင်တန်း တက်ရအောင် ဆိုပြီး ပြော၏။ java သင်မည်ပေ့ါ။ လုပ်ပေ့ါ။ ကျောင်းတက်ခဲ့တုန်းက java က တတိယနှစ်မှာ သင်ရ၏။ ကျနော်က တတိယနှစ်ကို (၃) နှစ်တက်လိုက်ရ၏။ ပြောရလျှင် java ကို (၃) နှစ်လောက် သင်ခဲ့ရသည်ပေ့ါ။ ကျောင်းမှာ သင်ခဲ့ရသည်က programming knowledge လောက်ပဲ ဖြစ်၏။ program တွေကို ချရေးနိုင်ဖို့ လိုသေး၏။ ထို့ကြောင့် ထပ်မံ သင်ကြားဖို့ လိုသေး၏။ ကျောင်းတုန်းကလည်း java ခဲ့ရသည် ခုလည်း java ဦးမည်ဆိုတော့ ငါတော့ java နှင့် အတော်လေး ရေစက်ပါသည်ပေ့ါ။ programmer ကြီး လုပ်စားဦးမှပဲဟု စိတ်ထဲ တေးထားလိုက်၏။ (တကယ်တမ်း လုပ်ဖြစ်သွားတာက ကျူရှင် ဆရာ)
သို့နှင့်ပင် laptop ၀ယ်ဖြစ်သွားခြင်း ဖြစ်၏။ အစပိုင်းတုန်းက ဆရာ့ စက်တွေနှင့်ပဲပေ့ါ။ သို့ပေမယ့် နောက်ပိုင်း အိမ်မှာ ကိုယ့်ကို လေ့လာဖို့ ရေးသားဖို့ အတွက် ၀ယ်လိုက်ခြင်း ဖြစ်၏။ သင်တန်းကလည်း အကြာကြီး မတက်ဖြစ်လိုက်ပါဘူး။ တက်တာမှ သူငယ်ချင်း (၄) ယောက်၊ တယောက်က ရန်ကုန်ဆင်း၊ နောက်တယောက်က စလုံးသွားမည် ဆိုတာနှင့် သင်တန်းလည်း ရပ်လိုက်ရတော့၏။ ကျနော်လည်း စာသင်သည့် အလုပ်မှာ အသားကျနေပြီ ဖြစ်၏။ ဘယ်လမ်းကို လိုက်မလဲ တွေးတော့ လမ်းပေါက်နေပြီးသား ဖြစ်သည့် စာသင်သည့် အလုပ်ကိုပဲ ရွေးဖြစ်သွားတော့၏။ သို့နှင့် programming အတွက် ရည်ရွယ်ပြီး ၀ယ်ထားသည့် laptop လည်း မေးခွန်းရိုက်ဖို့ အတွက်သာ သုံးဖြစ်တော့၏။ တခါတလေ ရုပ်ရှင် ကြည့်ပေ့ါ။