Home Stay (Chapter 265)

avatar

FB_IMG_1599214068459.jpg

တောင်ကြီး ပိုးတွေ့ရှိမှုက ယခု ရက်ပိုင်း အတော်လား စိတ်လာ များလာနေ၏။ လွန်ခဲ့သော တပတ်ကျော်အထိက ငြိမ်နေ ငြိမ်းချမ်းနေသော တောင်ကြီး ခုတော့ လှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာ၏။ ယခင် ပိုးတွေ့ လူနာ တွေ့သည် ဆိုပေမယ့် တယောက်စ နှစ်ယောက်စလောက်သာ။ ခုက ထိုသို့ မဟုတ်။ ပိုးကို ပိုပြီးတော့ပဲ စစ်ဆေး နိုင်လာလို့ရယ်ပဲလား မပြောတတ်။ ပြီးခဲ့သော ရက်ပိုင်းက ယာဥ်ထိန်းရဲ (၂၂) ဦးထံမှာ covid 19 ပိုး တွေ့ရှိမှုက ကျနော်တို့ကို ရှော့ရသွားစေ၏။ မည်သို့များ ဖြစ်လေသနည်း။

ဒီအတိုင်းဆို ရောဂါ လက္ခဏာ မပြသည့် silent carriers တွေ ရှိနေပြီ ဆိုသည့် သဘောလေများလား။ တဦး အနံမရတော့ဘူး ဆိုလို့ တရုံးလုံးကို စစ်ဆေး ကြည့်ရာမှ (၂၂) ဦး (မိသားစု ဝင် အပါ) မှာ ပိုးတွေ့ရှိခြင်း ဖြစ်၏။ အဆိုပါ ပိုးတွေ့ လူနာများနှင့် ထိတွေ့မှု ရှိခဲ့သည့် လူများကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အချို့ကို Q center များ ဝင်ခိုင်းပြီး စောင့်ကြည့်ခြင်းများ လုပ်ဆောင်ထား၏။ နောက်ရက်တွေမှာ ပိုးတွေ့ လူနာ ပေါ်လာနိုင်သေး၏။ စိတ်ပူမိ စိုးရိမ်မိ၏။

why_homestay_available.png

ထင်သည့် အတိုင်းပင်။ မနေ့က ပိုးတွေ့လူနာ (၅) ယောက်တဲ့။ အမှတ် (၁) မြို့မ ရဲစခန်းမှ ရဲဝန်ထမ်းများကို စစ်ဆေးခြင်း ဖြစ်၏။ ယာဥ်ထိန်းရဲ contact တွေ ထင်ပါ၏။ မြို့အတွက် စိတ်ပူမိ သလို ကိုယ့်အတွက်လည်း ပူမိ၏။ ဒါတောင် ကျနော်က အပြင် အမြဲတမ်း သွားလာနေသူ မဟုတ်ပေ။ အိမ်အတွက် စားစရာ (မုန့်) ဝယ်ခြင်းနှင့် ဟင်းချက်စရာ လိုသည့်အခါမျိုးလောက်သာ အပြင်ထွက် ဖြစ်၏။ တက်နိုင်သလောက် အိမ်မှာ ပဲ နေ၏။ ထွက်ဖြစ်လျှင်လည်း mask သေချာတပ်ပြီး လူတွေနှင့် ခပ်ခွာခွာလေး နေ၏။

ဒီနေ့ပင် စျေးအနီး နာရီစင်ကြီးနားမှာ စျေးရောင်းတဲ့ စျေးသည် တဦးထံမှာ ပိုးတွေ့လို့တဲ့။ မြို့မစျေးကြီး ပြန်ဖွင့်တာ (၃) ရက်လောက်ပဲ ရှိသေး၏။ ဒီအတိုင်းဆို ပြန်များ ပိတ်ရလေမည်လား။ ကျန်းမာရေးက အရေးကြီးသည် ဆိုပေမယ့် စားဝတ်နေရေး ကလည်း ရှိသေးသည် မဟုတ်လား။ ကပ်ကာလ ရှည်ကြာလာခြင်း နှင့်အတူ စားဝတ်နေရေး ခက်ခဲ ကြပ်တည်းမှုတွေလည်း ရှိလာခဲ့၏။ နားနေလို့ မဖြစ်၊ မဖြစ်မနေ အလုပ် ပြန်လုပ်၊ ပြန်စဖို့ လိုပြီ ဖြစ်။

သို့ပေမယ့် ပိုးတွေ့ရှိမှုက မရပ်သွားဘဲ ထပ်တိုးလာနေမည် ဆိုလျှင်လည်း အဆင် မပြေပေ။ ကျန်းမာရေး နှင့် စားဝတ်နေရေး ကြား လွန်ဆွဲ နေရပြီ။ တာဝန်ရှိသူများလည်း ခေါက်းခြောက်ရ၏။ ကျန်းမာရေ ဝန်ထမ်းတွေ ခဗျာလည်း ပင်ပန်းနေရပြီ။ တက်နိုင်သလောက် အိမ်မှာ နေ၊ မဖြစ်မနေ အပြင်ထွက်ရ သွားရလျှင် mask တပ်၊ ခပ်ခွာခွာနေ၊ လက်ဆေး စသည့် အချက်တွေကို မဖြစ်မနေ လိုက်နာ လုပ်ဆောင်ဖို့ လို၏။ ဒီလို ကူးစက်မှုတွေ ရှိနေတာတောင် အချို့က အပြင်ထွက်လျှင် mask မတပ်ကြပေ။ အတော်လေး ဆိုးလှ၏။ စည်းကမ်းလေးသာ လိုက်နာ လိုက်လျှင် လုံးဝကြီး မတားဆီးနိုင်တောင် ပိုးကူးစက်မှုကို လျှော့ချနိုင်သည် မဟုတ်လား။
ဘေးကင်းပါစေ တောင်ကြီး။
ဘေးကင်းပါစေ မြန်မာပြည်ကြီး။
ဘေးကင်းပါစေ ကမ္ဘာကြီး။

Don Jaun



0
0
0.000
2 comments
avatar
(Edited)

ဘေးရန်ခပ်သိမ်း..အေးချမ်းကြပါစေ.....။
Prepare for everything

0
0
0.000
avatar

အဲ့မှာက အရမ်းအေးဆိုဘဲ ပိုးက အေးရင်ပျော်သဗျ
သတိထားပါဗျာ

0
0
0.000