Home Stay (Chapter 260)

avatar

FB_IMG_1599214068459.jpg

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြီ ဖြစ်၏။ 2020 မှ 2021 သို့ ကူးပြောင်းပြီ ဖြစ်၏။ 2020 ကို ပြန်လည်တွေးတော သုံးသပ်ရသော် အနှစ်ချုပ်က မပျော်ဘူး ဆိုသည့် အဖြေ ရ၏။ ပျော်ပျော်နေမယ် ပျော်ပျော် နေတတ်သူ ဖြစ်ပေမယ့်လည်း 2020 ကတော့ မပျော်ရသည့် နှစ် ဖြစ်၏။ လူအများလိုပဲ ကျနော်လည်း ဒီနှစ်ထဲမှာ အလုပ်အကိုင် အဆင်မပြေပေ။ အလုပ် မရှိ အကိုင် မရှိ ကာလကား အတော်လေး ကြာ၊ အတော်လေး များခဲ့၏။ covid ကြောင့် ကျောင်းတွေပိတ် စာမသင်ရနှင့် ဝင်ငွေ အတော်လေးထိခဲ့၏။

ဝင်ငွေက မရှိပေမယ့် ဘယ်မှ မသွား မလာရတော့ တော်သေး၏။ ငွေဝင်လမ်းလည်း မရှိသလို၊ ငွေထွက်လမ်းလည်း မရှိလို့ တော်သေးသည် ဆိုပြီး ရှာကြံ ဖြေသာရ၏။ 2020 ကား အိမ်မှာ အနေများသည့် နှစ် ဖြစ်၏။ ကလေးထိန်းရင်း အချိန် အတော်များများ ကုန်လွန်ခဲ့ရ၏။ ကြိုကြား ကြိုကြား လုပ်လို့ရမည့် အလုပ်လေးတွေ ရှိခဲ့သော်လည်း covid ကာလ ဖြစ်နေတာက တကြောင်း၊ အိမ်မှာ ကလေးငယ်များ ရှိနေသဖြင့် ထို အလုပ်ကိုလည်း သွား လုပ်လို့ မရပေါ အလုပ်က နယ်ဖက်တွေမှာ cctv သွားဆင်ပေးရသည့် အလုပ် ဖြစ်၏။ သူငယ်ချင်း တယောက် လုပ်ခြင်း ဖြစ်၏။ သူက ခေါ်ပေမယ့် ကိုယ်က လုပ်မရ။

gsmarena_002.jpg

2020 မှာ ဘာတွေ လေ့လာဖြစ်သနည်း ဘာတွေ ပိုသိလာသနည်း ဆိုလျှင် ကျနော့်မှာ ဘာဖြေ ရမယ်မှန်း မသိ။ phone ကလိဖြစ်၊ laptop ကို ကလိ ဖြစ်တာလောက်က လွဲလျှင် ဘာမှ ထူးထူးခြားခြား မလေ့လာ ဖြစ်ခဲ့ပေ။ english စာ သင်ကြားရေး group ထဲ ဝင်ထားသော်လည်း ဘာမှ ကောင်းကောင်း မလေ့လာ ဖြစ်ပေ။ ပြင်မယ် ပြင်မယ် လေ့လာရမယ်နှင့် အချိန်သာ ကုန်ကုန် သွားခဲ့၏။

2020 မှာ ဂိမ်းတော့ ပိုဆော့ ဖြစ်၏။ ဂိမ်း မဆော့ ဖြစ်သည့် ရက်ရယ်လို့ မရှိဟု ပြောရလောက်အောင် နေ့တိုင်း နီးပါးလောက်ကို ဂိမ်းက ဆော့ကစား ဖြစ်၏။ လုပ်စရာက မရှိနှင့် ဂိမ်း ချည်းချည်း လှိမ့်ဆော့နေတော့၏။ ကောင်းလည်းကောင်း ကောင်းလည်း မကောင်းပေ။

မပျော်ရဆုံး တခုကား Trekking မသွားရခြင်း ဖြစ်၏။ covid ကာလ ကြောင့် ဆိုသည်ထက် အဝေးက အမတွေ မပြန်လာတာကြောင့် ကျနော့်မှာ သွားလို့ မရခြင်း ဖြစ်၏။ ရွာတွေဖက်က ကျနော်တို့ကို လက်ခံရင် သွားလို့က ရပြီးသားပဲလေ။ ခုက အမတွေ မပြန်လာခြင်းက အဓိက အချက် ဖြစ်၏။ လေးနှစ် ဆက်တိုက် new year တိုင်း Trekking သွားခဲ့ရသော်လည်း ဒီနှစ်မှာတော့ မသွားခဲ့ရပေ။ 2020 မှာ အဆင်မ​ပြေခဲ့သော်လည်း 2021 မှာတော့ အဆင်ပြေဖို့ မျှော်လင့်ပါ၏။ အားလုံးပဲ happy new year ပါ။

Don Jaun



0
0
0.000
1 comments
avatar

ကျနော် ... ရေးနေတုန်း....ကိုဒုန်ရေးလိုက်တော့ ပိုအစဉ်ပြေသွားတယ်....၂၀၂၀ ကို ပြန်လည်သုံးသပ်ခြင်းဟာ....တကယ်ကောင်းတယ်

0
0
0.000