Home Stay (Chapter 258)

avatar

FB_IMG_1599214068459.jpg

Zawgyi ဖက်ကို ခုထိ မလှည့် ဖြစ်သေး။ m3u ဖက် ပြန်ရောက်သွားပြန်၏။ ဘောလုံးပွဲနှင့် နိုင်ငံတကာ ရုပ်ရှင်များကို ကြည့်လိုသောကြောင့် ဖြစ်၏။ တူလေး တူမလေးတွေ အတွက် ကာတွန်း ရုပ်သံလိုင်းတွေလည်း ပါတာပေါ့။ လိဂ်ပြိုင်ပွဲတွေထဲမှာ premier league ကတော့ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်နေချိန် ဖြစ်၏။ boxing day ကာလ မဟုတ်လား။ နှစ်သစ်ကူးချိန်မှာ အနားရအောင်လို့ ၂ ရက်ခြား တခါ (တပွဲ) ကန်ရ၏။ ဒီကာလကတော့ အသင်း အားလုံးအတွက် ပွဲကြပ် ကာလပင် ဖြစ်၏။

လိုအပ်တဲ့ အမှတ်တွေကို ရယူပြီး လက်ရှိ နေရာကို ထိန်းထားနိုင်မလား၊ ပိုကောင်းသည့် အဆင့်မှာ ရပ်တည်နိုင်မလား ဒါမှမဟုတ် လက်ရှိ အဆင့်ကနေ ဖယ်ပေးရမလား ဆိုသည်ကိုတော့ boxing day အပြီးမှာ သိရမည် ဖြစ်၏။ နှစ်သစ်ကို အနိုင်နဲ့ ကြိုမလား၊ အရှုံးနဲ့ ကြိုမလား၊ ဒါမှမဟုတ် ဒီအတိုင်း သရေ ရလဒ်နှင့် ကြိုဆို ကြမည်လားကို စောင့်ကြည့်ရပေလိမ့်မည်။

Premier_League-Logo.wine.png

လိဂ်ပြိုင်ပွဲတွေ အပေါ် ထိုးနှက်ချက်က ရှိလာပြန်၏။ အထက်က ပြောခဲ့သလို အခြား လိဂ်တွေထက် premier league ပဲပေါ့။ covid 19 မျိုးကွဲ ဗီဇ သစ် ပိုးတမျိုး တွေ့ရှိမှုက ဘောလုံးပွဲတွေကို နောက် တကြိမ် ခြိမ်းခြောက်လာနေခဲ့၏။ ထို ဗီဇပြောင်း ပိုးသစ်က ဗြိတိန်မှ စတင်တွေ့ ရှိခဲ့ခြင်း ဖြစ်။ လက်ရှိ အခြေအနေက အသွင်မပြောင်းသေးသည့် မူလ covid ကိုတောင် မထိန်းချုပ် နိုင်သေးတာ ခု အသွင်ပြောင်း covid ပိုး ထပ်မံတွေ့ရှိသည်ဆိုတော့ မည်သို့ ပြောရမည် မသိပေ။

နိုင်ငံတကာက ထုတ်လုပ်နေကြသည့် ကာကွယ်ဆေးက ယခင် ပိုးဟောင်း covid 19 ကို ကာကွယ်နိုင်မလား တိကျသေချာစွာ မပြောနိုင်သေးခင်မှာ ယခု ပိုးသစ်တွေ့ရှိမှုက အတော်လေး စိတ်ညစ်စရာ စိတ်ဓာတ်ကျစရာပင်။ ကာကွယ်ဆေးတွေ ထွက်နေပြီ ဆိုခါမှ ပိုးသစ်တဲ့ ကောင်းရော။

မြန်မာနိုင်ငံမှာလည်း ခုချိန်ထိ ပိုးကို မထိန်းချုပ်နိုင်သေးပေ။ ကူးစက်မှု ဆက်လက် မတိုးပွား သွားအောင်တောင် မလုပ်ဆောင်နိုင်သေးပေ။ ဒါကလည်း လူညီမှ လုပ်နိုင်မည် မဟုတ်လား။ အစိုးရ တာဝန်ရှိသူတွေက ဦးဆောင် လုပ်ဆောင်နေရုံဖြင့် မရဘဲ ပြည်သူတွေကလည်း နောက်က လိုက်လာဖို့ လို၏။ တာဝန် ရှိသူ အပိုင်းမှာတင် အထက် အလယ် အောက် စီမံခန့်ခွဲမှု ပုံစံတွေက မတူနေကြပေ။ တမျိုးစီနှင့် ဘာတွေမှန်းကို မသိပေ။ တော်ကြာ တမျိုး အမိန့်ထုတ်လိုက် တော်ကြာ ပြန်ပြောင်းလိုက်နှင့်။ တိကျသေချာသော နည်းလမ်းများ ချမှတ်နိုင်ဖို့ လို၏။ သို့မှသာ ကပ်ရောဂါဆိုးကြီးကို အမြန် တွန်းလှန် နိုင်မည် မဟုတ်လား။

Don Jaun



0
0
0.000
1 comments