Home Stay (Chapter 220)

avatar

FB_IMG_1599214068459.jpg

ဘာလိုလိုနှင့် hive ပေါ်ရောက်နေခဲ့တာတောင် အတော်လေး ကြာလာခဲ့ပြီ ဖြစ်၏။ ဟိုဘက် steemit account မှာတော့ ဘာမှ မရေး ဖြစ်၊ မတင် ဖြစ်တော့ပေ။ power တွေလည်း down ထားပြီးပြီ ဖြစ်၏။ နည်းနည်းလည်း ရောင်းထားပြီးပြီ ဖြစ်၏။ အလုံးစုံတော့ မရောင်းရသေးပေ။ ဈေးသိပ်မကောင်းသေးလို့လည်း ပါ၏။ ဈေးနည်းနည်းကောင်းလာမလားလို့ ခဏ စောင့်ကြည့်ချင်သေး၏။ လိုချင် ဝယ်ချင်သည့် ပစ္စည်းကတော့ ရှိနေပြီ ဖြစ်၏။ မဖြစ်မနေ အရေးတကြီး လိုနေတာမျိုး မဟုတ်သေးသဖြင့် စောင့်လို့ ရသေး၏။

အခြား မဟုတ် PC တလုံး ဆင်လိုခြင်း ဖြစ်၏။ လက်ရှိ သုံးနေသည့် laptop လေးကို ရောင်းပြီး နည်းနည်း အဆင်ပြေမည့် PC တလုံး ဆင်လိုခြင်း ဖြစ်၏။ ကိုယ်တိုင်ကတော့ laptop ကို ပိုပြီး ကြိုက်ပါ၏။ သို့ပေမယ့် တူလေး တူမလေးတွေ အတွက် စဉ်းစားသည့် အနေနှင့် PC ဆင်လိုက်ဖို့ တွေးလိုက်ခြင်း ဖြစ်၏။ သူတို့ ခဗျာ ခုတလော ကျောင်းတွေကလည်း မဖွင့်၊ ကျူရှင်တွေကလည်း ပိတ်ထားသဖြင့် အတော်လေး အားနေ ပျင်းနေ ရှာကြ၏။ ထို့ကြောင့် စာရိုက်ခြင်းနှင့် အခြား computer basic သင်ခန်းစာလေးများကို ကျနော် သိသလောက် သင်ကြားပေးလို၏။

Steemit-big.png

Laptop နှင့် သင်ပေးလို့ ရပေမယ့် PC ထက်စာလျှင် Laptop က အနည်းငယ် နု၏။ ဒီကောင်တွေ ကိုင်ပုံနှင့်ဆို အဆင်မပြေပေ။ ကျနော့် laptop လေး လစ်သွားနိုင်၏။ ထို့ကြောင့် သူတို့ အတွက်ပါ စဉ်းစားရင်း PC ဆင်ဖို့ တွေးလိုက်ခြင်း ဖြစ်၏။ second ပဲ ရှာရမလား၊ အသစ်ပဲ ကိုယ့်ကို ဆင်ရမလား ခုထဲ ဝေခွဲ ရွေးချယ် မရသေးပေ။ pc က သိသည့်အတိုင်း ဆင်လျှင် ဆင်သလောက် ရသည်ကိုး။ မိမိ ဘယ်လောက် သုံးနိုင်သလဲပေါ်သာ မူတည်၏။ လောလောဆယ်တော့ second ထဲက အရင် လိုက်ကြည့်နေ၏။ one set လိုက်၊ ဒါမှ မဟုတ် system only လေးတွေလည်း တွေ့၏။ ဈေးတွေကတာ့ အစားစားပင်။ ခက်တာ တခုက အကုန်လုံးက Online အဝေးက ဖြစ်နေ၏။

Electronic device ဆိုတော့ ကိုယ်တိုင် စစ်ဆေးပြီး စမ်းသပ်ဖို့ လိုသည် မဟုတ်လား။ ဒါမှ မဟုတ် ကိုယ်သိသည့်သူထံမှ ဝယ်ရသည်ဆိုလျှင်တော့ စိတ်ချရ၏။ ခုက ကိုယ်က မသိသည့်သူတွေ။ ရန်ကုန်မှာ ရှိနေသည့် သူငယ်ချင်းတွေကို သွား ကြည့်ပေးဖို့ အကူအညီတောင်းလျှင် ရပေမယ့် ခုလို covid ကာလကြီးမှာတော့ အားနာရပြန်၏။ သို့နှင့် တက်လာသည့် အရောင်း ပိုစ့်လေးတွေ လိုက်ကြည့်ရင်းနှင့်သာ အချိန်တွေ ကုန်နေခဲ့၏။ ကိုယ့်ကို ဆင်လျှင်ကော ဘယ်လောက်ဆို အဆင်ပြေလောက်လဲ ဆိုသည်ကို မေးမြန်း စုံစမ်း ကြည့်ရဦးမည်။

လိုချင်တလေး ရဖို့ steem ဈေးလေး နည်းနည်း ပြန်တက်ပေးပါလို့

Don Jaun



0
0
0.000
1 comments
avatar

Steem တွေ ကျန်သေးလား
Hive ပြောင်း မထည့်ဘူးလား

0
0
0.000