Home Stay (Chapter 219)

avatar

FB_IMG_1599214068459.jpg

MSC ၏ ခရီးလမ်း အစက အဆင်ပြေခဲ့သည် ပြောလို့ ရ၏။ တဖြည်းဖြည်းနှင့် လူတွေ များလာခဲ့၏။ ထို့ပြင် voting support တွေလည်း ရခဲ့၏။ ထိုစဉ်က steem ဈေးကောင်းနေချိန် ဖြစ်၏။ အမှန်တော့ steeem ကော steem dollar ကော ဈေးကောင်းနေချိန် ဖြစ်၏။ SBD ကတောင် steem ထက် ပိုဈေးများနေသည့် အချိန် ဖြစ်၏။ ထိုစဉ်က steemit မှ စတင်လျှောက်လှမ်းနေချိန် ဖြစ်သဖြင့် steem, SBD, SP က များများ စားစား မရှိသေးပေ။ ဈေးတွေ ကောင်းနေပေမယ့် ကိုယ့်မှာ ထုတ်ရောင်းဖို့ steem တွေ ဘာတွေ မရှိနေပေ။ ထို့ကြောင့် စုသည့် အလုပ်ကိုပဲ အရင်လုပ်ရတော့၏။ တချိန် အတွက် ရည်စူးပြီးတော့ပေါ့။

နောက်ပိုင်း ဈေးတွေ ကျသွားသည် ဆိုပေမယ့် 1$ အောက်တော့ မရောက်ပေ။ တကယ့်ကို အဆင်ပြေနေခဲ့၏။ အထိုက်အလျောက် စုဆောင်းမိလာတော့ steem လေးရောင်းလိုက်၊ SBD လေး ထုတ်ရောင်းလိုက်နှင့် လုပ်ခဲ့ဖူး၏။ ကျနော့် အိပ်မက်က Online က ရသည့် ငွေနှင့် ပစ္စည်း တခုခု ဝယ်လိုခြင်း ဖြစ်၏။ phone, laptop အစရှိသည့် electronic ပစ္စည်း တမျိုးမျိုးကိုပေါ့။ ထို့ကြောင့်ပင် ထိုသို့ ဝယ်လို့ ရမည့် ပမာဏ ရှိလာအောင် ရောက်လာအောင် SP စုခဲ့၏။ ကြားထဲ steem, SBD လေး ဘာလေး ရောင်းပြီး ခရီးတိုတွေ ဘာတွေတောင် သွားခဲ့ရ၏။

Steemit-big.png

မှတ်မိသေး၏။ လွန်ခဲ့သော (၃) နှစ်လောက်က ငွေဆောင် သွားလည် တုန်းက ငွေဆောင်ကနေ ရန်ကုန် ပြန်ရောက်တော့ လက်ထဲ ငွေနည်းနေသဖြင့် steem လေး အနည်းငယ် ထုတ်ရောင်းခဲ့သေး၏။ လက်ဆောင်လေး ဘာလေး ဝယ်ချင်တာလည်း ပါ၏။ ပြောရလျှင် ထိုစဉ်က ခရီးသွားလျှင် ပိုက်ဆံ အတွက် မပူူရပေ။ ငွေသား အများကြီး မထည့်လာမိလျှင်လည်း စိတ်ပူစရာ မလိုပေ။ ATM, Bank account တွေကနေ ထုတ်သုံးတာ မလားဟုလည်း အထင်မကြီးကြစေလိုပေ။ ယခုအချိန်အထိ ကျနော့်မှာ ငွေစု စာအုပ် မရှိပေ။ ပိုက်ဆံ စုစောင်းထားတာမျိုးလည်း မရှိပေ။

သို့ပေမယ့် steemit ကြောင့်တော့ အတော်လေး အဆင်ပြေခဲ့ရ၏။ ပိုက်ဆံလိုလျှင် ထုတ်ရောင်း ATM ထဲ လွှဲပေးဖို့ ပြော ပြီး ထုတ်ယူ သုံး သာသာယာယာပင်။ ခုလို Kpay, Wave, Ok တို့ တွင်ကျယ်လာချိန်ဆို ပိုပြီးတော့တောင် အဆင်ပြေပေလိမ့်ဦးမည်။ သို့ပေမယ့် steem က ဈေးမကောင်းပေ။ ဈေးမကောင်းသည့်အပြင် ကျနော်တို့က steemit မှာ မရှိတော့ပေ။ ကျနော်တို့ မြန်မာ user တော်တော်များများ hive platform သို့ ရွှေ့ပြောင်းသွားကြပြီ ဖြစ်၏။ hive ကလည်း steem လိုပဲ ဈေးက သူမသာ ကိုယ်မသာပင်။

ဆက်ရန်

Don Jaun



0
0
0.000
0 comments