Home Stay (Chapter 216)

avatar

FB_IMG_1599214068459.jpg

အိမ်မှာနေရင်း ငွေရရာ ရကြောင်း စဉ်းစား ရှာကြံနေမိ၏။ သို့ပေမယ့် အပြောသာ လွယ်တာ အလုပ်က ခက်သား။ အိမ်မှာ နေရင်း လုပ်လို့ ရတာဆိုလို့ online earning ပေါ့။ သို့ပေမယ့် သိသည့်အတိုင်း online earning ကလည်း တကယ်တမ်းမှာတော့ မလွယ်ပေ။ online earning ကနေ ငွေတွေ များစွာ ရပြီး သူဌေး ဖြစ်သွားသည်ဆိုသည်မျိုးတော့ ကျနော် မကြားဖူးသေးပေ။ ဖြစ်သွားသည့် သူတွေ မရှိမဟုတ် ရှိပါ၏။ ထိုက်သင့်သည့် ရင်းနှီးငွေ ထည့်ဝင် စိုက်ထုတ်ခြင်းကနေ အောင်မြင်မှု ရသွားသူတွေလည်း ရှိပါ၏။ ရင်းနှီးငွေ တစုံတရာ မစိုက်ထုတ်ရဘဲ ပိုက်ဆံ ငွေကြေး အများကြီး ရှာနိုင် ရနိုင်ဖို့ရာကတော့ မလွယ်လှပေ။

ရှိတော့ ရှိမည်။ ရှားမည်။ refer system တွေနှင့်ဆိုလျှင်တော့ မပြောတတ်ပေ။ အဆိုပါ multilevel system တို့ refer system တို့ကလည်း Online earning မှာ အတွေ့များသည့် ပုံစံများ မဟုတ်လား။ သို့မှလည်း သူတို့ website, app ကို လူသိများ အသုံးများလာမည် မဟုတ်လား။ app, website များ အစုကတော့ scam တွေ များ၏။ တကယ်ပေးသည်၊ တကယ်ရသည်ဆိုသည်မျိုးက နည်းလှ၏။ သေချာတာ တခုကတော့ အပေးများလျှင် scam ဖြစ်ဖို့က သေချာ၏။ သင့်တင့်သော ပမာဏနှင့် ပုံမှန် ပေးသည်ဆိုလျှင်တော့ ရာနှုန်းပြည့် မဟုတ်တောင် အတော်လေး စိတ်ချလို့ ရ၏။

Steemit-big.png

မည်သည့် Online earning မဆို ရာနှုန်းပြည့် ယုံကြည်လို့ မရဘူး မလား။ တကယ်ပေး သေချာပေးသည့် site တွေ ကြပြန်တော့ ပေးသည့် ပမာဏ နည်းသဖြင့် လူ သိပ် စိတ်မဝင်စားကြပေ။ refer အားကိုးရသည့် site မျိုးတွေကြပြန်တော့ refer မရှာနိုင်သူတွေ အဖို့ အဆင်မပြေပေ။ ကနဦး အရင်ဆုံး ဝင်ရောက် လုပ်ကိုင်ထားသူအဖို့တော့ အဆင်ပြေပေမယ့် နောက်ဆုံးမှ ဝင်သူ refer ထပ်မရှာနိုင်သော သူအဖို့ အခက်တွေ့ရ၏။ MLM လိုပေါ့ဗျာ။

ဟိုးယခင် MMM လုပ်နေတုန်းကတော့ စိတ်ကူးယဉ် တိုက်အိမ် ဆောက်ခဲ့ဖူး၏။ ထိုစဉ်က online ငွေရှာခြင်းနှင့် ပတ်သက်ပြီး ဘာမှ ကောင်းကောင်း မသိ၊ နားမလည်ခဲ့သေးဘူးကိုး။ ယခုလို Internet သုံးဆွဲမှုကလည်း မတွင်ကျယ်သေးပေ။ fiber line မဆင်နိုင်သေးသဖြင့် phone နေ Hotspot လွှင့်ပြီးတော့ လုပ်စရာ ရှိတာတွေကို လုပ်ရ၏။ internet fiber line တွေကလည်း ခေတ်မစားသေးဘူးကိုး။ MMM ကြောင့်ပင် Online ငွေရှာခြင်းတွေက ရာနှုန်းပြည့် မယုံကြည်ရကြောင်းကို ကောင်းကောင်းကြီး နားလည် သဘောပေါက်သွားခဲ့၏။

ထိုစဉ်က တဒင်္ဂတော့ Online ငွေရှာခြင်းများကို လန့်သွားခဲ့၏။ နောက်ပိုင်းမှာတော့ အတွေးပြောင်းသွားခဲ့ပြန်၏။ online ကနေ ဆုံးရှုံး ဖူးခဲ့သဖြင့်ကို online ကနေ ပြန်ရယူမည် ဆိုသည့် အတွေးနှင့် Online ငွေရှာခြင်းကို ဆက်လက် လုပ်ဆောင် ဖြစ်ခဲ့၏။ အသီးအပွင့်တွေ ခံစားခဲ့ရသည်မျိုးတွေ မရှိခဲ့ဘဲ အချိန်တွေသာ ကုန်ခဲ့၏။ steemit ကို မသိခင်၊ မရင်းနှီးသေးခင် အထိပေါ့။

ဆက်ရန်

Don Jaun



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You have been a buzzy bee and published a post every day of the week

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @hivebuzz:

Project Activity Update
0
0
0.000