Home Stay (Chapter 191)

avatar

FB_IMG_1599214068459.jpg

အားနေပြန်တော့ တောင်တောင်အီအီ online ငွေရှာ နည်းတွေ လိုက်လံ ရှာဖွေ ဖတ်မိပြန်၏။ online ငွေရှာနည်း အများစု (အားလုံး နီးပါး) က refer စနစ်တွေ များ၏။ ထို စနစ် နှင့်သာ သူတို့ website, app ကို လူသိများ၊ အသုံးများကြမည် မဟုတ်လား။ လွန်ခဲ့သော နှစ်များစီတုန်းက onocoro (စာလုံးပေါင်း မှားနိုင်) website ကြောင့် Online ငွေရှာနည်းများနှင့် စတင် သိရှိခွင့် ရခဲ့၏။ ထို site နှင့်လည်း ဘာမှ မထူးခြား၊ အမှန်တော့ ထူးထူးခြားခြား မလုပ်နိုင်ခဲ့ပေ။ refer စနစ်နှင့် လုပ်ဆောင်ခြင်း ဖြစ်သဖြင့် လူများများ ရှာနိုင်မှ အဆင်ပြေပေလိမ့်မည်။ MLM စနစ်ပေါ့။

MLM စနစ် မြန်မာနိုင်ငံကို စတင် ရောက်ရှိလာသည့် အချိန်ဦးအစလို့တောင် ပြောလို့ရ၏။ MLM စနစ်ကို ကောင်းကောင်း မသိသေး၊ နားမလည်သေးသည့် ကျနော် ထို onocoro မှာ ကိုယ်စားလှယ် လုပ်ဖို့တောင် သွား စပ်စုလိုက်သေး၏။ ဂျပန် company ဟုတော့ ပြော၏။ အမယ် အခမ်းအနားတွေနှင့် ကြီးကြီးကျယ်ကျယ် ခမ်းခမ်း နားနားကို လုပ်ဆောင် ခြင်း ဖြစ်၏။ ပြောရမယ် ဆိုလျှင် လူခေါ်ပွဲပေါ့။ လူအများကြီး ရှာပေးထားသည့် လူတွေကို ဆုတွေပေး၊ မဲတွေ ဖောက်နှင့်ပေါ့။ ထိုစဉ်ကတော့ အတော်လေး အားကျမိ၏။ လုပ်မယ်ကွပေ့ါ။ နောက်ပိုင်း အသေးစိတ်လေ့ လာမိတော့ MLM စနစ်၏ ဆိုးကျိုးကို တွေ့လာခဲ့၏။

Make-Money-Online-1280x720.jpg

MLM ဆိုသည့် အတိုင်း လူရှာနိုင်မှပဲ အဆင်ပြေမည်။ ကိုယ်က ကနဦး လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ကိုယ့်အောက်မှာ downline တွေ အများကြီး ရှိလျှင် အဆင်ပြေ၏။ အတော်လေး ဟုတ်ပြီ ဖြစ်၏။ ထပ်ပေမယ့် လူထပ်မရှာနိုင်တော့လျှင်၊ သို့မဟုတ် ကိုယ်က နောက်ဆုံးနားမှ ဝင်သူ ဖြစ်ခဲ့လျှင် ထို့ပြင် ကိုယ်က လူမရှာတတ်သူ၊ လူမရှာချင်သူ ဖြစ်နေလျှင် သွားပြီ ဖြစ်၏။ ဘာမှ ကောင်းကောင်း မသိသေးတော့ ထိုစဉ်က member ဝင်တော့ လုပ်လိုက်သေး၏။ ကိုယ်စားလှယ်တော့ မလုပ်ဖြစ်ပေ။ သူတို့ စတင်လုပ်ဆောင်မည့် အချက်ကို စောင့်ကြည့်ဦးမည်ပေ့ါ။ လူ မရှာလျှင်လည်း ဖြစ်သည်ဟု သူတို့ကတော့ ဆို၏။

ပြောရလျှင် ကြေငြာတွေ ကြည့်ပေးရင်း အကျိုး အမြတ်တွေကို ပြန်လည် မျှဝေပေးခြင်း ဖြစ်၏။ နိုင်ငံတကာမှာ ထိုသို့ ငွေရှာခြင်းကို ခေါ်သည့် နာမည် ရှိ၏။ ဘာတဲ့ ပါးစပ်ဖျားတင် မေ့နေ၏။ ထားပါ။ ထိုပုံစံနှင့် လုပ်ဆောင် ကြခြင်း ဖြစ်၏။ အစောပိုင်း အစပိုင်းမှာ ကြေငြာတွေက နည်းနေသေး၏။ နောက်ပိုင်း များလာမည်ဟု ဆို၏။ သို့ပေမယ့် ထို နောက်ပိုင်းက ဘယ်ဆီနေမှန်း မသိတော့ပေ။ ထိုက်သင့်သလောက် သို့မဟုတ် သူတို့ မျှော်မှန်း သလောက် အကျိုးအမြတ် ရသွားလို့လားတော့ မသိ။ အဆိုပါ company ဘယ်ရောက်သွားမှန်းတောင် မသိရတော့ပေ။ စကတည်းက ယဉ်ဆိုသလို တော်တော်လေးလည်း မှတ်သွား၏။

Online ငွေရှာနည်း လောက အကြောင်းကို အနည်းငယ့် တီးမိ ခေါက်မိသွား၏။ ကောင်းသောသိခြင်းမျိုး မဟုတ်ဘဲ၊ ဆိုးရွားသော သိခြင်းမျိုး ဖြစ်၏။ မည်သို့ပင်ဆိုစေ အဆိုးထဲက အကောင်းကတော့ အတွေ့အကြုံ၊ သင်ခန်းစာတွေ အတော်လေး ရလိုက်၏။

Don Jaun



0
0
0.000
1 comments
avatar

အော် အမှန်တွေရှိသလို အလိမ်ညာတွေလည်း ပေါလှသကိုးဗျ။

0
0
0.000