Home Stay (Chapter 170)

avatar

FB_IMG_1599214068459.jpg

ဘာလိုလိုနှင့် ကျနော့် laptop လေးတောင် ကျနော့် လက်ထဲမှာ အချိန် အတော်ကြာ တာဝန်ထမ်းဆောင်လာနေခဲ့ပြီး ဖြစ်၏။ electronic device တို့၏ သဘောသဘာဝအတိုင်း သူလည်း date out ပြီ ဖြစ်၏။ i3 second generation ဆိုတော့ကား ခုချိန် ထွက်ရှိထားသည့် i7 တွေက လှောင်ရယ် ကြမည် ထင်၏။ ဒီ laptop လေးက ကျနော့်လက်ထဲမှာ အတော်လေး လိမ္မာ ခဲ့၏။ အလုပ်တွေလည်း အတော်လေး အဆင်ပြေခဲ့ရ၏။ သူ့ကြောင့် အဆင်ပြေခဲ့ရတာတွေ အတော်လေးများ၏။ သို့ပေမယ့်လည်း ခေတ်ကာလ အခြေအနေ အရ ကျနော်လည်း update လုပ်ရတော့မည် ဖြစ်၏။

လောလောဆယ်အထိတော့ i3 လေးနှင့် အဆင်ပြေနေပါသေး၏။ နောက်ပိုင်း လုပ်ဆောင်ရမည့် ကိစ္စတွေ အတွက် i3 က အဆင်မပြေနိုင်တော့ပေ။ လက်ရှိ laptop လေးကို ရောင်းပြီး update တခုခုကို ရွေးချယ်ရတော့မည်။ အသစ်တော့ မဟုတ်။ second ထဲကသာ ဖြစ်မည်။ pc, laptop second ရောင်းသည့် ဝယ်သည့် ချိတ်ဆက်ပေးသည့် သူငယ်ချင်း အသိ ရှိသဖြင့် ထိုသူငယ်ချင်းနား မေးထား ပြောထားလိုက်၏။ စဉ်းစားရမှာက laptop ပဲ ဝယ်မလား၊ pc ဆင်မလား စဉ်းစားနေခြင်း ဖြစ်၏။ ကျနော်ကတော့ pc ကို ပိုပြီး ဆင်ချင်၏။ လောလောဆယ် home stay အခြေအနေဆိုတော့ laptop ထက် စာလျှင် pc က ပိုကောင်းမည်။

IMG_20200927_173505.jpg

နို့ ဒါဆို home stay ပြီးသွားလျှင်ကော ဆိုပြန်တော့ home stay မရှိခင် ရောဂါတွေ မဖြစ်ခင်ကတည်းက Laptop ကို သယ်သယ် သွားသွား သိပ်မရှိခဲ့ပေ။ ထို့ကြောင့်ပင် pc ကို တခါတည်း ပုံး အမြင့် ဆင်ထားမလားပေ့ါ။ အခြား လိုအပ်တွေ၊ လိုချင်တာတွေကို တဖြည်းဖြည်းချင်း ဖြည့်မည်ပေါ့။ mother board ကို အမြင့် ဆင်ထားမည် ဆိုပြီး တွေးထား၏။ မတော်တဆ အပြင် သယ်သွား သယ်လာ လုပ်ဖို့ လိုအပ်လာပါက chrome book လေး ဆောင်ထားလျှင် ကောင်းမလားပေါ့။ laptop တလုံးတော့ ထပ်မဝယ်တော့ပေ။ လောလောဆယ် အဲ့လိုလေး တွေးထား၏။

အဓိကက chrome book လေးကို စမ်းသပ် သုံးစွဲ ကြည့်ချင်သေးတာလည်း ပါ၏။ ဒါပေမယ့် လောလောဆယ် target က pc အရင် ဖြစ်၏။ chrome book က အရေးမကြီးသေးပေ။ အရေးတကြီးလည်း မလိုသေးဘူးကိုး။ ကိုယ်လုပ်ချင်တာကတော့ ထိုသို့ ဖြစ်၏။ Pc ပဲ ဆင်ရမလား၊ laptop ကိုပဲ အမြင့် ဝယ်လိုက်ရမလားကတော့ မဆုံးဖြတ်ရသေးပေ။ ရေရှည်အတွက်ပါ တွေးထားချင်သဖြင့် pc ကိုတော့ ပိုပြီး ဆင်ထားချင်၏။ ထီပေါက်ခဲ့လျှင်တော့ ပိုပြီး ကောင်းပေလိမ့်မည်။ လိုချင် လုပ်ချင်တာတွေကို တပါတည်း လုပ်ပစ်လိုက်လို့ ရပြီ ဖြစ်၏။

Don Jaun



0
0
0.000
2 comments
avatar

ကောင်းမယ် ထင်ရာ ချဗျာ

0
0
0.000
avatar

ဈေးချိုချိုနဲ့ ကောင်းတဲ့ laptop လေး ညွှန်းပေးပါဦး

0
0
0.000