Home Stay (Chapter 169)

avatar

FB_IMG_1599214068459.jpg

Qcy t5s အကြောင်း ဆက်ပါဦးမည်။ ကနဦး ဝယ်ဖို့ စဉ်းစားထားတာက qcy t5 ဖြစ်၏။ t5 နှင့် ပတ်သက်သည့် review တွေကို လိုက်ကြည့်မိသလောက်တော့ အတော်လေး recommend ပေးထားကြသည်ကို တွေ့ရ၏။ ထို့ပြင် ကျနော် သေချာ စောင့်ကြည့်ရလေ့ ရှိသည့် page တခု ဖြစ်သည့် TBH lab page ကနေတောင် အဆိုပါ နားကြပ်လေးနှင့် ပတ်သက်ပြီး ပြောပြထား၏။ ဒီအတိုင်းဆိုလျှင်တော့ အဆိုပါ နားကြပ်ကို ရွေးသင့်နေပြီ ထင်၏။ မိမိ သုံးနိုင်သည့် ဈေးတန်းမှာလည်း ရှိ၏။ ထို့ပြင် သူ့ဈေးတန်းမှာ ပါဝင်နေသည့် function, feature တွေက အတော်လေး မိုက်နေ၏။

qcy t5 နှင့် ပတ်သက်ပြီး လူပြောများသည့် အချက် တချက်က Gaming booster ပိုင်း ဖြစ်၏။ wireless, Bluetooth နားကြပ်တွေမှာ အားနားချက် တချက် ရှိ၏။ သီချင်း နားထောင်လျှင် သိပ်မသိသာပေမယ့် ဂိမ်းဆော့လျှင် သိသာသည့် အချက် တချက် ရှိ၏။ အသံ နောက်ကျခြင်း ဖြစ်၏။ အဓိကက pubg ဂိမ်းမှာ ဖြစ်၏။ အသံနောက်ကျတော့ ရန်သူ ရောက်နေလား၊ လာနေလားကို မသိရပေ။ ဥပမာ ခြေသံက နောက်ကျနေခြင်း၊ မိမိ သေသွားပြီးမှ သေနတ်သံ ကြားရခြင်းမျိုးတွေပေါ့။ Bluetooth နားကြပ် အများစုမှာ အဆိုပါ ပြဿနာ ရှိနေ၏။ အတော်လေး ဆိုး၏။

FB_IMG_1600685000394.jpg

ကျနော်က pubg မဆော့တော့ ကျနော့်အတွက် ထို အသံ နောက်ကျမှုက သိပ်ကိစ္စ မရှိပေ။ သို့ပေမယ့် ML တော့ ဆော့၏။ ML မှာ pubg လောက် အသံက အရေးမကြီးပေမယ့် နောက်ကျမှု မရှိလျှင်တော့ ပိုကောင်းမည် မဟုတ်လား။ ယခု qcy t5 မှာတော့ အဆိုပါ ပြဿနာ မျိုး မရှိဟု သိရ၏။ Gamer အများစု၏ feedback အရ တော်တော်လေး အဆင်ပြေသည်ဟု ပြောလို့ ရ၏။ ဈေးလည်း ကလည်း မဆိုးပေ။ သို့နှင့် qcy t5 ကိုသာ ဝယ်လိုက်ဖို့ ရွေးထားလိုက်၏။ ရွေးထားပြီးပြီ ဆိုပေမယ့် အခြား qcy product တွေကိုလည်း လိုက်လံ ရှာဖွေ ကြည့်မိ၏။ အခြား အမျိုးအစားတွေလည်း တွေ့၏။

ထိုထဲမှာမှ qcy t5s, t5 pro ကို ထပ်တွေ့၏။ သူတို့က t5 နှင့် ပုံစံ အတူတူပင် ဖြစ်၏။ မတူတာက battery ပိုင်းနှင့် အခြား feature တွေ ဖြစ်၏။ ထို့ကြောင့် ထို (၂) ခုကို ထပ်မံ ချိန်ထိုးရပြန်၏။ t5 pro ကတော့ t5s ထက် ဈေးပိုများ၏။ သူက wireless charging ရ၏။ အလန်းကြီး။ သို့ပေမယ့် ကျနော့်နားမှာ wireless charging part မရှိပေ။ လက်ရှိသုံးနေသည့် ph ကလည်း wireless charging မရပေ။ ထို့ကြောင့် t5 pro က လက်ရှိမှာတော့ ကျနော်နှင့် မကိုက်ညီပေ။ ထို့ကြောင့် wireless charging က လွဲလျှင် ကျန်သည့် အရာများ အတူတူ ဖြစ်သည့် t5s ကိုသာ ဝယ်လိုက်ဖို့ ဆုံးဖြတ်လိုက်၏။ စမ်းသပ် သုံးကြည့်ပြီးလျှင်တော့ အသေးစိတ် review လေး လာပါဦးမည်။

Don Jaun



0
0
0.000
3 comments
avatar

Home stay ရင်း အလုပ်ဖြစ်နေတယ်ပေါ့

0
0
0.000
avatar

အသေးစိပ် သိနိုင်အားက ဆရာကျလွန်းပါတယ်ဗျာ

0
0
0.000
avatar

ခွဲခြမ်းစိပ်ဖြာဝေဖန်ပိုင်းခြားစိစစ်ပိပြား... အဲယောင်ကုန်ပြီ😁
ဘာပဲလုပ်လုပ် သေသေချာချာ လေ့လာသင့်တယ်ဗျာ။
ကျနော်ကတော့အဲ့ဒီ့ပိုင်းမှာ အားနည်းတယ်။
တစ်ချို့ပစ္စည်းဆို ကိုယ်က စျေးစစ်တာလွန်သွားပြီး မကြိက်ပေမဲ့ အားနာလို့
ဝယ်လိုက်ရတာမျိုးကြုံလေ့ရှိတယ်။

0
0
0.000