Home Stay (Chapter 100)

avatar

IMG_4862-01.jpeg

Atomic wallet ထဲမှာ အဆိုပါ Binance ရဲ့ BNB coin ပါ ရှိ၏။ AWC, BNB coin တို့သည်လည်း စောင့်ကြည့်ရမည့် coin စာရင်းများထဲမှာ ပါ၏။ ရေရှည်မှာ အကျိုး ရှိလာနိုင်၏။ ရထားသည့် 15 AWC က ထုတ်မရသေးပေ။ သို့ပေမယ့် Atomic wallet တခုကနေ တခုဆီကိုတော့ ရွှေ့ပြောင်းလို့ ရပြီ ဖြစ်၏။ သူ့ wallet ထဲမှာပဲ အခြား coin အဖြစ် ပြောင်းလဲ ယူဖို့ ကိုတော့ ခွင့်မပြုထားသေး၊ ပြောင်းလို့ မရသေးပေ။ ထို့ပြင် stake (staking) လုပ်လို့လည်း ရ၏။

မိမိရထားသည့် Airdrop ကို ပြန်ပြီး ရင်းနှီးမြှပ်နှံသည့် သဘောမျိုး ဖြစ်၏။ အပတ်စဉ် အတိုး ပြန်ရနေမည့် သဘောပင်။ ထုတ်ရောင်းလု့ိ မရသေးမည့် အတူတူ staking ပဲ ပြန်လုပ်ထားဖို့ ကျနော် ရွေးလိုက်၏။ သို့ပေမယ့် တခု ရှိနေသေး၏။ အခြား မဟုတ် အဆိုပါ AWC ကို stack လုပ်ဖို့ မိမိ wallet ထဲမှာ BNB လည်း အနည်းငယ် ရှိနေဖို့ လိုနေသေး၏။ သိမများပါဘူး။ 0.005 BNB လောက် သာ။ သို့ပေမယ့် အဲ့ နည်းနည်းလေးကပဲ ခက်နေတာ။

Screenshot_2020-07-12-23-37-29-174_io.atomicwallet.png

ကျနော် Binance account မရှိသေးပေ။ account လုပ်ထားလျှင်တော့ airdrop တွေ ဘာတွေ ရမည်လားတော့ မသိပေ။ သို့နှင့် Binance account သွားလုပ်၏။ verify အဆင့်မှာ ခံနေ၏။ မှတ်ပုံတင်နှင့် မရပေ။ ယာဉ်မောင်းလိုင်စင်နှင့်တော့ မစမ်းကြည့်ရသေး။ သို့ပေမယ့် ယာဉ်မောင်းလိုင်စင်က သက်တမ်း ကုန်နေပြီ ဖြစ်၏။ passport ကျန်ပြန်တော့ မလုပ်ရသေးပေ။ verify အဆင့်မှာပဲ ခံနေတော့၏။ AWC staking လုပ်ဖို့ရန် BNB က ရှိကို ရှိမှ ဖြစ်မည် ဖြစ်၏။

Wallet ၏ exchange မှာ သွား ရှာကြည့်တော့ btc ကနေ BNB ကို ပြောင်းလို့ ရကြောင်း သွားတွေ့၏။ exchange လုပ်ပေးမည့် အနည်းဆုံး btc ပမာဏက 0.0002625 ဖြစ်၏။ ထို btc ပမာဏနှင့် ညီမျှသည့် BNB coin 0.1 ရမည် ဖြစ်၏။ freebitco.in ကနေ free claim ထားသည့် btc 0.0024 လောက်တော့ ရှိ၏။ သို့နှင့် ထို နေရာကနေ 0.0003 btc လောက် ထုတ်လိုက်၏။ ပြီးရင် btc ကနေ BNB ပြောင်းမယ်ပေါ့။

သို့ပေမယ့် ကံဆိုးချင်တော့ ကျနော် အတွက် အချက် လိုသွား၏။ exchange fee တွေ ထည့်မစဉ်းစားမိလိုက်ပေ။ wallet ကလည်း ထို အချက်ကို မဖော်ပြထားပေ။ ဘယ်လောက်ကတော့ အနည်းဆုံး ဘယ်လောက် ပြန်ရမည်သာ ပြောထားပြီး fee ဘယ်လောက် ကျမည် မပြောထားပေ။ ကိုယ့်ကို တွက်မှ fee ဘယ်လောက်ဆိုတာ သိရ၏။ ကောင်းရော။ ကျနော့်မှာ exchange လုပ်လိုက်ဖို့ btc လည်း မဆိုသလောက် လေး လိုနေပြန်ရော။ 0.00005 လောက်လေး လိုနေခြင်း ဖြစ်၏။

ဆက်ရန်

Don Jaun



0
0
0.000
2 comments
avatar

Cryptocurrency ရောဂါဆိုတာ အာ့တာတွေပဲ။

0
0
0.000
avatar

တော်တော်ဆိုးတာပဲဗျာ။

0
0
0.000