Wall Decor Photo Frame with Paper Hearts

avatar

ဒီတစ်ခုကတော့ပုံလေးတွေကော်ကပ်ထားလို့ရတဲ့နံရံအလှဆင်ဓာတ်ပုံဘောင်တစ်ခုဖြစ်ပြီး၊ပုံသုံးပုံထည့်လို့ရပါတယ်။ပြုလုပ်နည်းကိုပုံနှင့်စာဖြင့်ဖော်ပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။ပြုလုပ်နည်းပထမအဆင့်မှာကတ်ထူကိုအနားခြောက်နားပါတဲ့ဆဋ္ဌဂံပုံအရွယ်တူသုံးခုဖြတ်ရမှာပါ။ထိုကတ်ထူသုံးခုကိုအဖြူရောင်စာရွက်ကော်ကပ်ပြီး၊အနားတွေမှာတော့အနီရောင်စက္ကူအပိုင်းများဖြတ်ပြီးကော်ကပ်လိုက်ပါတယ်။ထိုကတ်ထူသုံးခုကိုပုံပြထားတဲ့အတိုင်းအခြားကတ်ထူအပိုင်းတစ်ခုပေါ်နေရာချ၍ကော်ကပ်ထားလိုက်ပါတယ်။

photo 116 185931.jpg

20200711_151339_1926762446.png

20200711_151742_188388067.png

20200711_152649_1023973198.png

ဒီတစ်ခုမှာတော့ပန်းပွင့်တွေသစ်ရွက်လေးတွေနဲ့အလှဆင်တာမျိုးမဟုတ်ပဲ၊အသည်းပုံစံစက္ကူခေါက်များဖြင့်အလှဆင်ထားပါတယ်။စက္ကူခေါက်နည်းကစာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊အလယ်မှခေါက်ချိုး၍ထိုအလယ်မျဥ်းအထိတစ်ဘက်စီမှခေါက်ပြီး၊တူညီအကွက်လေးခုပြုလုပ်လိုက်ပါတယ်။ထိုလေးခုမှပထမတစ်ခုကိုခေါက်ပြီး၊တစ်ဘက်သို့လှည့်၍ထောင့်စွန်းနှစ်ခုကိုအလယ်သို့ခေါက်ပါတယ်။ကျန်တစ်ဘက်မှထောင့်စွန်းနှစ်ခုကိုလည်းအလယ်သို့ခေါက်ပြီး၊ကျန်ထောင့်စွန်းကိုလည်းအလယ်သို့ထပ်မံခေါက်လိုက်ပါတယ်။ထိုစက္ကူခေါက်ကိုအလယ်မှခေါက်ချိုးပြီး
တစ်ဘက်စက္ကူခေါက်သို့ခေါက်ထည့်လိုက်ပါတယ်။ထောင့်စွန်းများကိုလည်းပုံပြထားတဲ့အတိုင်းခေါက်ချိုးပြီး၊ရောင်စုံအသည်းပုံစံများပြုလုပ်လိုက်ပါတယ်။ထိုအသည်းပုံစံများကိုဘောင်မှာပုံပြထားတဲ့အတိုင်းအလှဆင်ကော်ကပ်ပါတယ်။

20200711_152350_1301299161.png

20200711_152516_753251847.png

20200711_152116_1204087376.png

20200711_152218_2036970960.png

20200711_151908_575759581.png

20200711_151618_232936786.png

20200711_151509_724590524.png

Written by @asterkame
By my photos & made by me



0
0
0.000
2 comments
avatar

ဘာလုပ်လုပ် လှနေတော့တာပဲ

0
0
0.000
avatar

ဆက်ကြိုးစားနေပါတယ် ကျေးဇူးပါ ခုလိုအားပေးလို့

0
0
0.000