Today Small Garden & Me

avatar

ဒီနေ့တော့စက္ကူခေါက်ထားတာလေးတွေမပြီးသေးတာနဲ့ပို့စ်လည်းတင်ချင်နေတော့၊အပင်စိုက်ထားတာတွေကြွားလိုက်ပါတယ်။ချက်ပြုတ်ရင်အလွယ်တကူခူးပြီးသုံးလို့ရအောင်ကြက်သွန်မြိတ်ပင်လေးနဲ့ပူစီနံပင်လေးတွေပါ။ကြက်သွန်ပင်လေးကစိုက်ထားတာရက်နှစ်ဆယ်လောက်ရှိပြီ။ပထမတစ်ခါခူးပြီးအသုံးပြုပြီးပါပြီ။ပူစီနံကတော့စိုက်ထားတာ၃ရက်ပဲရှိပါသေးတယ်။စျေးကနေပူစီနံတစ်စည်းဝယ်လာပြီး၊ပန်းအိုးမှာတစ်ပင်ချင်းစီစိုက်ထားလိုက်ပါတယ်။တစ်ချို့အပင်တွေကအမြစ်မပါလို့လားမသိဘူး။နွမ်းသလိုဖြစ်နေပါတယ်။နောက်တစ်ပိုစ့်ကျရင်တင်မဲ့စက္ကူအိတ်လေးနဲ့ဘောက်စ်တစ်ခုတွဲလျက်ပါ။စက္ကူခေါက်နေတာမပြီးသေးပါဘူး။ကဒ်လေးတွေထည့်လို့ရတဲ့paper bagတစ်ခုနဲ့
စာရေးကိရိယာအတိုအထွာလေးတွေထည့်လို့ရတဲ့ဘောက်စ်တစ်ခုပြုလုပ်မယ်စိတ်ကူးထားပါတယ်။လောလောဆယ်တော့ဘောက်စ်ပဲပြီးသေးလို့မတင်ဖြစ်သေးပါဘူး။အပင်လေးတွေမှာတော့ကြက်သွန်မြိတ်ပင်စိုက်ရန်အတွက်ပလပ်စတစ်ဘူးကိုအောက်ခြေမှာအပေါက်ကလေးတွေဖောက်ပြီး၊မြေဆွေးထည့်ပြီး၊ကြက်သွန်နီနှစ်လုံးကိုအလယ်မှထက်ခြမ်းခွဲပြီး၊မြေကြီးထဲတစ်ဝက်ခန့်စိုက်ထားလိုက်ပါတယ်။လေးငါးရက်လောက်ကြာတော့အညှောက်လေးတွေထွက်လာပါတယ်။ဘယ်လိုဖြစ်ဖြစ်လိုအပ်ရင်အလွယ်တကူဖြတ်ပြီးအသုံးပြုလို့ရတာပေါ့။

photo 127 12477.jpg

photo 127 12489.jpg

photo 127 124526.jpg

photo 127 124557.jpg

Written by @asterkame
By my photos & made by me



0
0
0.000
2 comments
avatar

ကြက်သွန်နီနှစ်လုံးကို အလယ်မှ ထက်ခြမ်းခွဲပြီး ဘယ်လိုစိုက်
အလုံးလိုက် စိုက်ရတာ ဟုတ်ဘူးလား

0
0
0.000
avatar

အလုံးလိုက်မစိုက်ထားဘူး....ကြက်သွန်နှစ်လုံးကိုတစ်ဝက်စီခွဲစိုက်လိုက်တာ၄ပင်ရတယ်...မြေကြီးထဲကြက်သွန်အခြမ်းလေးတွေရဲ့တစ်ဝက်လောက်ပဲမြှုပ်ထားလိုက်တယ်....

0
0
0.000