Today Origami Flowers & Beautiful Wall Decor

avatar

ဒီနေ့ကတော့နံရံအလှဆင်လေးတစ်ခုဖြစ်ပြီး၊စက္ကူခေါက်တွေနဲ့ပြုလုပ်ထားတဲ့ပန်းပွင့်သုံးပွင့်၊အခြားပန်းပွင့်တွေနဲ့လှပစွာပုံဖော်ထားပါတယ်။ပြုလုပ်နည်းကိုပုံ၊စာတို့ဖြင့်အဆင့်ဆင့်ပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားတာပါ။ပထမအဆင့်မှာပန်းပွင့်သုံးပွင့်ပြုလုပ်ပါတယ်။စက္ကူခေါက်တွေကိုတစ်ခုနဲ့တစ်ခုဆက်၍ပြုလုပ်ရမှာဖြစ်ပြီး၊ပန်းတစ်ပွင့်မှာစက္ကူခေါက်၇ခုလိုအပ်ပါတယ်။စက္ကူခေါက်နည်းကစာရွက်ကိုအလျားအနံတူအောင်ဖြတ်ပြီး၊ထောင့်ဖြတ်အတိုင်းတစ်ဝက်တိတိခေါက်၍ညှပ်လိုက်ပါတယ်။ထိုစာရွက်ရဲ့အလယ်မှတ်ကိုယူပြီး၊ဘေးဘက်အနားစွန်းနှစ်ခုကိုခေါက်၍ခေါက်ချိုးမျဥ်းယူလိုက်ပါတယ်။ပြီးနောက်ပုံမှာမြင်ရတဲ့အတိုင်းကော်ကပ်ပြီး၊စက္ကူခေါက်များပြုလုပ်ပါတယ်။အခြားစာရွက်တစ်ခုပေါ်အရွယ်တူစက္ကူခေါက်၇ခုကိုကော်ကပ်ပြီးပန်းပွင့်ပြုလုပ်လိုက်ပါတယ်။ထို့နောက်ကတ်ထူကိုဖြတ်၍ထိုအပေါ်မှာပန်းပွင့်သုံးပွင့်ကိုကော်ကပ်ပါတယ်။

photo 2211 111315.jpg

photo 2211 111415.jpg

photo 2411 1145.jpg

photo 2411 11331.jpg

photo 2411 11238.jpg

ဒီအဆင့်မှာအစိမ်းရောင်စက္ကူအပိုင်းငယ်လေးတွေညှပ်ရမှာပါ။ထိုစက္ကူအပိုင်းငယ်များကိုညီညာစွာပန်းပွင့်ပါတဲ့ကတ်ထူနဲ့ဆက်လိုက်ပါတယ်။ပြီးနောက်အနားကိုအချွန်ပုံစံလေးဖြတ်လိုက်ပါတယ်။ဆက်လက်ပြီးအပြာရောင်ပန်းပွင့်များပြုလုပ်မှာပါ။စာရွက်မှာပန်းပွင့်ပုံဆွဲ၍ညှပ်ပြီး၊အရွယ်တူပန်းပွင့်များပြုလုပ်ပါတယ်။ပန်းပွင့်တွေရဲ့အနားကိုလည်းပေတံဖြင့်ခေါက်လိုက်ပါတယ်။ထိုပန်းပွင့်တွေကိုအစိမ်းရောင်စက္ကူအပိုင်းငယ်တွေပေါ်ပုံပါအတိုင်းပုံစံဖော်၍ကော်ကပ်လိုက်ပါတယ်။

photo 2211 111458.jpg

photo 2411 11432.jpg

photo 2211 11128.jpg

photo 2211 111340.jpg

Written by @asterkame
By my photos & made by me



0
0
0.000
8 comments
avatar

လက်ရာများက တစ်မျိုးပြီး တစ်မျိုး စိတ်ကူးတွေကို အကောင်အထည်ဖော်။

0
0
0.000
avatar

ဟုတ်ကဲ့.... ပိုစ့်လေးတွေမရိုးရအောင်ပြုလုပ်နေပါတယ်

0
0
0.000
avatar

Create ကောင်းကောင်း လုပ်နိုင်ရဲ့နဲ့ interaction မလုပ်တော့ ရလဒ်က မတန်ဘူး။

0
0
0.000
avatar

ဟုတ်ပါတယ်.... ရလဒ်ကနည်းလာတယ်....ဖန်တီးနိင်မှုကတော့ကျွမ်းကျင်လာပါတယ်

0
0
0.000
avatar

နံရံက အဖြူရောင်ဆိုရင် ပိုပြီးအဆင်ပြေမယ်လို့ထင်တယ်။
ပိုပြီးပေါ်လွင်သွားမှာ။

0
0
0.000
avatar

ဟုတ်တယ် အဖြူရောင်နဲ့ဆိုအပြာရောင်ပန်းပွင့်လေးတွေပုံဖော်ထားတာပိုပေါ်လွင်မှာပါ

0
0
0.000