Today My Plant Collection

avatar

ဒီနေ့တော့အိမ်မှာစိုက်ထားတဲ့အပင်လေးတွေကိုပုံရိုက်ဖြစ်ရင်းပိုစ့်တင်လိုက်ပါတယ်။စက္ကူခေါက်တာလည်းမပြီးသေးတာနဲ့၊အပင်လေးတွေကအများကြီးလည်းမရှိပါဘူး။ငရုတ်ပင်လေးနှစ်ပင်၊ပန်းပင်အနည်းငယ်နဲ့ရှာစောင်းလက်ပတ်ပင်လေးတွေပါပဲ။ဖေ့ဘုတ်သုံးရင်းအပင်ရောင်းနေတာတွေ့လို့ငရုတ်ပင်နဲ့
ဂျပန်နှင်းဆီပင်နှစ်ပင်စီဝယ်လိုက်ပါတယ်။ဂျပန်နှင်းဆီကအခြားဒေသမှာဘယ်လိုခေါ်လဲမသိပါဘူး။မြိတ်မှာတော့ဂျပန်နှင်းဆီလို့ခေါ်ပါတယ်။ပန်းတော့မပွင့်သေးပါဘူး။ငရုတ်ပင်ကတော့သေးသေးလေးနဲ့အသီးတွေသီးနေပါပြီ။ပန်းအိုးနဲ့ထည့်စိုက်ထားလိုက်ပါတယ်။ဒီနေ့တော့ငရုတ်သီးစိမ်းတွေသီးနေတာနဲ့စက္ကူခေါက်မပြီးသေးတော့အတော်ဖြစ်သွားပါတယ်။အပင်စိုက်ရတာတော့ဝါသနာအရမ်းကြီးမပါပါဘူး။ဖေ့ဘုတ်groupတစ်ခုအပင်စိုက်တဲ့groupမှာ၊သူတ
ို့အိမ်တွေမှာအပင်လေးတွေအမျိုးစုံစိုက်ပျိုးထားကြတာသဘောကျပြီး၊စိုက်ထားလိုက်တာပါ။ရှားစောင်းပင်လေးတွေဆိုလည်းအလှအပအတွက်ရော၊ကျန်းမာရေးအတွက်ပါအသုံးဝင်တယ်လေ။

FRAME_COLLAGE1593319431323.png

IMG_20200628_110745.jpg

IMG_20200628_110849.jpg

ခုလည်းငရုတ်သီးစိမ်းတွေသီးနေတော့ကျေနပ်ပီတိဖြစ်နေပါတယ်။ရှားစောင်းလက်ပတ်တွေအများကြီးရလာရင်ယိုထိုးမယ်။ဆံပင်ပေါင်းတင်မယ်။မျက်နှာမှာလိမ်းမယ်စသဖြင့်စိတ်ကူးတွေနဲ့ကျေနပ်နေပါတယ်။အပင်လေးတွေရှင်သန်အောင်ဆက်လက်ဂရုစိုက်ရမှာပါ။ကြုံရင်ကြုံသလိုအခြားပန်းပင်များလည်းစိုက်မှာပါ။ပြီးရင်hiveမှာပိုစ့်လာတင်ပါ့မယ်။အပင်တွေက
အပင်ကြီးတွေထက်အပင်လေးတွေပိုသဘောကျပါတယ်။သေးသေးလေးတွေနဲ့နေရာလည်းအများကြီးမလိုပဲ၊ပန်းအိုးနဲ့စိုက်လို့ရတာမျိုးပါ။ပန်းအိုးဆိုရင်လည်းပုံစံမျိုးစုံနဲ့လှအောင်ပုံဖော်ထားတာလေးတွေ၊စိတ်ကူးလေးတွေကိုတဖြည်းဖြည်းအကောင်အထည်ဖော်ပါ့မယ်။မနက်ဖြန်အတွက်စက္ကူခေါက်ပါဦးမယ်😊

IMG_20200628_110824.jpg

IMG_20200628_111223.jpg

Written by @asterkame
Photos by me



0
0
0.000
2 comments
avatar

ဖိုက်တင်းဗျာ။

0
0
0.000
avatar

အားပေးလို့ကျေးဇူးပါ.....

0
0
0.000