Today My Paper Craft

avatar

ဒီတစ်ခုကိုတော့ရောင်စုံစက္ကူခေါက်ပုံစံတူလေးခုပြုလုပ်ပြီး၊တစ်ခုနှင့်တစ်ခုကော်ကပ်ကာ၊ပြုလုပ်ထားတဲ့အလှထားလို့ရတဲ့စက္ကူဖန်တီးမှုတစ်ခုပါ။ပြုလုပ်ရမည့်အဆင့်များကိုပုံနှင့်စာဖြင့်ဖော်ပြထားပါတယ်။ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ
၊ပေတံစသဖြင့်လိုအပ်ပါတယ်။ပထမအဆင့်မှာအဝါရောင်A4sizeစာရွက်ကိုပုံပြထားတဲ့အတိုင်းဖြတ်ရမှာပါ။စာရွက်ရဲ့၂/၃ခန့်ကိုမျဥ်းဆွဲပြီး၊စက်ဝိုင်းခြမ်းပုံထပ်မံဆွဲပါတယ်။စက်ဝိုင်းခြမ်းမှာအလယ်မှတစ်ဝက်တိတိပိုင်းပြီး၊တစ်ဘက်မှာကော်ကပ်ရန်နေရာအဖြစ်ဖြတ်လိုက်ပါတယ်။ကျန်တစ်ဘက်မှာအပြာရောင်စာရွက်ကော်ကပ်ပါတယ်။ကျန်လွတ်နေတဲ့နေရာမှာသစ်ကိုင်းပုံလေးဆွဲပြီး၊ဆေးခြယ်ပါတယ်။

20200528_171721_910760336.png

20200528_172013_811610882.png

20200528_171534_1988590169.png
IMG_20200502_201817.jpg

IMG_20200502_171429.jpg

ဒီအဆင့်မှာအရွယ်တူသစ်ရွက်များဖြတ်ပြီး၊ကော်ကပ်လိုက်ပါတယ်။ပြီးနောက်ထိုစက္ကူကိုအလယ်မှခေါက်ချိုးမယ်။ပြီးနောက်မျဥ်းဆွဲထားတဲ့နေရာတွေမှာပါခေါက်ချိုးပြီး၊ကော်ကပ်၍ဆက်လိုက်ပါတယ်။ထိုနည်းအတိုင်းနောက်ထပ်သုံးခုပြုလုပ်ပြီး၊စက္ကူခေါက်လေးခုကိုပုံမှာမြင်ရတဲ့အတိုင်းဆက်လိုက်ပါတယ်။

IMG_20200528_173348.jpg

IMG_20200504_185717.jpg

IMG_20200504_185918.jpg

IMG_20200504_190540.jpg

ထို့နောက်အနီရောင်ပန်းပွင့်များပြုလုပ်ပါတယ်။စာရွက်ကိုအလျားအနံတူညီစွာခေါက်ပြီး၊ဖြတ်ကာပန်းပွင့်ပုံပြုလုပ်လိုက်ပါတယ်။ပန်းပွင့်ရဲ့ပွင့်ဖတ်တစ်ခုစီရဲ့အလယ်မှခေါက်ချိုးပြီးခေါက်ချိုးလေးတွေဖော်လိုက်ပါတယ်။ပန်းပွင့်များကိုလည်းကော်ကပ်လိုက်ပါတယ်။

20200528_172203_378079352.png

20200528_171409_238281306.png
Written by @asterkame
By my photos & made by me



0
0
0.000
10 comments
avatar

တစ်မျိုးလေး ဆန်းတယ်...

0
0
0.000
avatar

အဆန်းအပြားလေးပါ...ကျေးဇူးပါ

0
0
0.000
avatar

ဆန်းပြားအလှ လုပ်နိုင်လှ

0
0
0.000
avatar

ကျေးဇူးတင်ပါတယ်..နောက်လည်းအားပေးပါဦး.

0
0
0.000
avatar

ဖန်တီးတတ်ပါပေ့

0
0
0.000
avatar

ဖန်တီးမှုကောင်းလေးတွေနဲ့ဆက်ကြိုးစားပါ့မယ်...

0
0
0.000
avatar

အားပေးလျက်ပါ။ တနေ့တမျိုး မရိုးစေရဘူး။

0
0
0.000
avatar

အသစ်အဆန်းလေးတွေပြုလုပ်နိုင်ဖို့ပိုကြိုးစားနေပါတယ်..

0
0
0.000
avatar

အားပေးလျှက်ပါဗျာ

0
0
0.000
avatar

ဟုတ်ကဲ့... ကျေးဇူးပါ

0
0
0.000