Today My New Paper Photo Frame Idea

avatar

ဒီတစ်ခါတော့photo frameတစ်ခုပြုလုပ်ထားပြီး၊ပြုလုပ်နည်းကိုပုံနဲ့စာတို့ဖြင့်အဆင့်ဆင့်ပြထားပါတယ်။ကတ်ထူကိုလေးထောင့်ပုံဖြတ်၍၊ထိုကတ်ထူမှာစက်ဝိုင်းပုံကိုထပ်မံပုံဖော်၍ညှပ်ပြီး၊ပန်းရောင်စက္ကူဖြင့်ကော်ကပ်ထားပါတယ်။ကတ်ထူကိုထူထူလေးဖြစ်ချင်လို့နောက်တစ်ခုဖြင့်ထိုပုံစံအတိုင်းဖြတ်၍ကော်ကပ်ပါတယ်။စက်ဝိုင်းပုံဘောင်အနားတွေမှာပုလဲသီးလေးတွေဖြင့်ကော်ကပ်ထားပါတယ်။ကျောဘက်ကနေကော်ကပ်ရန်အပြာရောင်ကတ်ထူတစ်ရွက်ကိုပြုလုပ်မှာပါ။ကတ်ထူနဲ့အပြာရောင်စာရွက်ကိုအသုံးပြု၍ပြုလုပ်ထားပြီး၊ကျောဘက်မှာကော်ကပ်တဲ့အခါပုံလေးတွေထည့်ရလွယ်ကူစေရန်၊အနားလေးနားအနက်သုံးနားကိုပဲကော်ကပ်ပြီး၊အပေါ်ဘက်အနားကိုချန်ထားခဲ့ပါတယ်။ဒီလိုဓာတ်ပုံဘောင်လေးဖြစ်ဖို့ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။ဆက်လက်ပြီးအလှဆင်ရန်ရောင်စုံပန်းပွင့်တွေနဲ့
photo standတစ်ခုပြုလုပ်ပါ့မယ်။

img_0.7265286837272019.jpg

img_0.12341713929219074.jpg

img_0.7655713330022466.jpg

img_0.10658918186416312.jpg

ကတ်ထူကိုအလယ်မှခေါက်ချိုး၍အပြာရောင်စာရွက်ကော်ကပ်ပြီး၊အခြားကတ်ထူအပိုင်းတစ်ခုကိုပုံပြထားတဲ့အတိုင်းတစ်ဘက်စီမှ1.5"ခန့်တိုင်း၍ခေါက်ချိုးပြီး၊ခုနကအပြာရောင်ကတ်ထူရဲ့အလယ်မှာကော်ကပ်လိုက်ပါတယ်။ထိုဖိုတိုစတန်းကိုခေါက်ထားလို့လည်းရအောင်၊ကတ်ထူအပိုင်းရဲ့အလယ်ကော်လံကိုတစ်ဝက်ခေါက်ချိုးလိုက်ပါတယ်။

img_0.18608195499450048.jpg

img_0.19590325781790102.jpg

img_0.9786116426826414.jpg

img_0.9935879719209719.jpg

img_0.4741852332061858.jpg

img_0.01616299079159228.jpg
Written by @asterkame
By my photos & made by me



0
0
0.000
1 comments
avatar

Token Logo လေးတွေ လုပ်ပါလား

0
0
0.000