Today I Made Paper Art Wall Decor Idea

avatar

ဒီတစ်ခုကတော့နံရံအလှဆင်တာတစ်ခုပဲဖြစ်ပြီး၊ပန်းပွင့်တွေနဲ့အလှဆင်တာမျိုးတွေမပါပဲ၊ကော်ဖီခွက်တစ်ခုကိုရောင်စုံစက္ကူခေါက်များဖြင့်ပုံဖော်ထားပါတယ်။ပြီးနောက်အငွေ့တွေပျံနေပုံပြုလုပ်ထားပါတယ်။ပြုလုပ်နည်းကိုပုံ၊စာတို့ဖြင့်အဆင့်ဆင့်ပြထားပြီး၊ကတ်ထူ၊ရောင်စက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ရှိရင်ပြုလုပ်လို့ရပါပြီ။ပထမအဆင့်မှာA4size
စာရွက်ပေါ်ခွက်ပုံစံကိုလက်ကိုင်လေးပါဆွဲလိုက်ပါတယ်။ပြီးနောက်ရောင်စုံစက္ကူအပိုင်းငယ်များဖြတ်ပြီး၊ပုံမှာမြင်ရတဲ့အတိုင်းစက္ကူခေါက်များပြုလုပ်ပါတယ်။ထိုစက္ကူ​ခေါက်များကိုခွက်ပုံစံမှာကော်ကပ်အလှဆင်ပါတယ်။ပြီးနောက်အငွေ့လေးတွေပျံနေတာကိုစက္ကူအပိုင်းများဖြင့်ပုံဖော်၍ကော်ကပ်ထားပါတယ်။ဆက်လက်ပြီးပန်းရောင်စက္ကူအပိုင်းများဖြင့်ခွက်မှာကော်ကပ်ထားပါသေးတယ်။

20200621_221454_1984325799.png

20200621_221338_698015086.png

20200621_221213_94633532.png

IMG_20200620_184503.jpg

IMG_20200620_185836.jpg

IMG_20200620_191039.jpg

ဒီအဆင့်မှာA4sizeလေးထောင့်ပုံစာရွက်ကိုအဝိုင်းပုံစံလေးညှိပြီးဖြတ်လိုက်ပါတယ်။ထိုအဝါရောင်စာရွက်ကိုအခြားကတ်ထူတစ်ခုပေါ်ကော်ကပ်ထားလိုက်ပါတယ်။ပြီးနောက်အနားတွေကိုလည်းအနက်ရောင်ဖြင့်ဆေးခြယ်လိုက်ပါတယ်။ဒီတစ်ခုကတော့ပြုလုပ်ရတဲ့အဆင့်နည်းပြီး၊ရောင်စုံစက္ကူခေါက်တာနှင့်အငွေ့တွေပုံဖော်ရာမှာအနည်းငယ်လက်ဝင်ပါတယ်။ပြုလုပ်ရတာလည်းလွယ်ကူပြီး၊အသစ်အဆန်းလေးတစ်ခုပါ။

IMG_20200621_114738.jpg

20200621_221049_1011179501.png

20200621_220937_399246201.png

Written by @asterkame
By my photos & made by me



0
0
0.000
4 comments
avatar

စိတ်ရှည်တယ် လှတယ်

0
0
0.000
avatar

ဟုတ်ကဲ့ ကျေးဇူးပါ

0
0
0.000
avatar

အလှတရားဖန်တီးရှင်ပါလေ

0
0
0.000
avatar

နောက်လည်းလှတာတွေ ဖန်တီးပါဦးမယ်....

0
0
0.000