Paper Photos Frame

avatar

ဒီတစ်ခုကပုံလေးတွေထားလို့ရတဲ့စက္ကူဖြင့်ပြုလုပ်ထားတဲ့ဓာတ်ပုံဘောင်တစ်ခုပြုလုပ်ထားပါတယ်။ပုံနှစ်ပုံအသုံးပြုနိုင်ပါတယ်။ပန်းခက်လေးတွေ၊ပန်းပွင့်ဖြင့်လှပစွာပုံဖော်ထားပါတယ်။ပြုလုပ်နည်းကိုလည်းပုံနဲ့စာဖြင့်လွယ်ကူအောင်အဆင့်ဆင့်ပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်နိုင်ပါတယ်။ပထမဆုံးလေးထောင့်ပုံစံကတ်ထူကိုညှပ်၍ရောင်စုံစက္ကူဖြင့်ကော်ကပ်ပါတယ်။ပြီးနောက်ထိုကတ်ထူအလျားအတိုင်းအရွယ်တူကတ်ထူရှစ်ခုကိုညှပ်၍ပန်းရောင်စာရွက်ကော်ကပ်ပါတယ်။ထိုကတ်ထူအပိုင်းများကိုလေးခုစီ၊လေးထောင့်ပုံစံဘောင်နှစ်ခုဖြစ်အောင်ကော်ကပ်လိုက်ပါတယ်။ဆက်လက်ပြီးပန်းခက်လေးနှစ်ခက်ပြုလုပ်ပါတယ်။ပန်းရောင်စက္ကူအပိုင်းငယ်တစ်ခုကိုအလယ်မှခေါက်ချိုး၍ကော်ကပ်ပါတယ်။ပြီးနောက်အရွယ်တူအပိုင်းများဖြတ်ပြီး၊အလယ်မှခေါက်၍ခုနကပြုလုပ်တဲ့ပန်းရောင်စက္ကူခေါက်ရဲ့ကော်ကပ်ထားတဲ့အစွန်းမှာထပ်မံကော်ကပ်ပါတယ်။ဘေးဘက်အနားနှစ်ခုကိုခေါက်ချိုး၍လည်းကော်ပြန်ကပ်ပါတယ်။ထိုအတိုင်းအဆင့်ဆင့်ပြုလုပ်၍ပန်းခက်လေးနှစ်ခက်ပုံဖော်ပါတယ်။ဆက်လက်ပြီးပန်းပွင့်ပြုလုပ်ပါတယ်။အရောင်သုံးမျိုးဖြင့်စက်ဝိုင်းပုံသုံးခုညှပ်၍ကော်ကပ်ပြီးအလယ်မှခေါက်ချိုး၍၊ထိုစက္ကူခေါက်လိုမျိုးသုံးခုကိုကလစ်ဖြင့်ညှပ်ပြီး၊ပန်းပွင့်ပုံပြုလုပ်ကာအလှဆင်ပါတယ်။

img_0.26931878166027945.jpg

img_0.6711096493599735.jpg

img_0.836646917003836.jpg

img_0.5175844249048744.jpg

img_0.37610039249619526.jpg

img_0.35315037138768346.jpg
Written by @asterkame
By my photos & made by me



0
0
0.000
10 comments
avatar

ကော်မန့် အရင်ပေးထားမယ်... နက်ဖြန်နံနက်မှ Vote ပေးမယ် Power နည်း နေလို့။

0
0
0.000
avatar

ဟုတ်ကဲ့ ရပါတယ်ကိုဟင်....

0
0
0.000
avatar

ပန်းခက်လေးတွေနဲ့ ပန်းပွင့်ဖော်ထားတာလေးက အရမ်းလှပါတယ်။

0
0
0.000