Paper Pen Box & Drawer

avatar

ဒီနေ့တော့pencil boxနဲ့drawerတစ်ခုကိုဆက်၍ပုံဖော်ထားပါတယ်။ဒီတစ်ခုဖြစ်ရန်အတွက်ဘောက်စ်သုံးခုခေါက်ရမှာပါ။pencil boxအတွက်ဘောက်စ်တစ်ခုနဲ့drawerအတွက်ဘောက်စ်နှစ်ခုပါ။ပြုလုပ်နည်းကိုပုံ၊စာတို့ဖြင့်အဆင့်ဆင့်ပြထားပါတယ်။ပထမဆုံးအစိမ်းရောင်ဘောက်စ်တစ်ခုခေါက်ပါတယ်။အစိမ်းရောင်စာရွက်မှာပုံမှာမြင်ရတဲ့အတိုင်းပုံဆွဲ၍ခေါက်ချိုးလိုက်ပါတယ်။အနားလေးဘက်မှာကော်ကပ်ရန်နေရာချန်ထားပါတယ်။ပြီးနောက်အပြာရောင်နဲ့ပန်းရောင်ဘောက်စ်နှစ်ခုက
ိုdrawerအတွက်ပြုလုပ်ရမှာပါ။ထိုဘောက်စ်နှစ်ခုမှာပန်းရောင်ဘောက်စ်ကိုအနည်းငယ်သေး၍ပြုလုပ်ပါတယ်။ပြုလုပ်နည်းကတော့ပထမပြုလုပ်တဲ့pencil boxပြုလုပ်နည်းနဲ့အတူတူပါပဲ။pencil boxမှာအမြင့်ကိုပိုယူပြီး၊drawerမှာတော့သုံးလက်မယူထားပါတယ်။ထိုဘောက်စ်တွေရဲ့အနားတွေမှာစက္ကူကိုပုံဖော်ထားတဲ့စက္ကူအပိုင်းလေးတွေနဲ့ကော်ကပ်လိုက်ပါတယ်။အံဆွဲရဲ့လက်ကိုင်အတွက်စက္ကူခေါက်တစ်ခုနဲ့လေးထောင့်ပုံကတ်ထူကိုဖြတ်လိုက်ပြီး၊လက်ကိုင်အဖြစ်ကော်ကပ်လိုက်ပါတယ်။

IMG_20201219_160725.jpg

IMG_20201219_160058.jpg

photo 2811 104255.jpg

photo 2811 104217.jpg

photo 2811 104344.jpg

ဒီအဆင့်မှာကြယ်ပုံစံခေါက်မှာပါ။စာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊ထောင့်ဖြတ်အတိုင်းခေါက်ချိုးမျဥ်းယူပြီး၊အလယ်မှတစ်ဝက်ခေါက်ချိုး၍ပုံအတိုင်းအဆင့်ဆင့်ခေါက်ပါတယ်။ပုံမှာပြထားတဲ့အတိုင်းခေါက်ချိုးမျဥ်းများရလာရင်၊အမှတ်လေးခုမှတ်၍၊ထိုအမှတ်အထိညှပ်ပြီး၊အနားလေးခုမှာအလယ်မျဥ်းအထိထပ်မံခေါက်လိုက်ပါတယ်။ပြီးနောက်ကော်ကပ်လိုက်ပြီး၊ကြယ်ပုံစံစက္ကူခေါက်ပြုလုပ်ကာ၊ဘောက်စ်မှာကော်ကပ်လိုက်ပါတယ်။

photo 2811 104024.jpg

photo 2711 04436.jpg

photo 2811 103914.jpg

photo 2711 04519.jpg

Written by @asterkame
By my photos & made by me



0
0
0.000
4 comments
avatar

လုပ်သလောက် လှနေတော့တာပဲ

0
0
0.000
avatar

ဟုတ်ကဲ့ ကျေးဇူးပါ

0
0
0.000
avatar

ရှယ်ကို လုပ်နေတော့တာပဲ။
ချချ အားပေးတယ်။

0
0
0.000
avatar

အားပေးလို့ကျေးဇူးပါ... အသစ်အသစ်တွေနဲ့ပို့စ်တင်ပါဦးမယ်

0
0
0.000