Paper Crafts Pen Box

avatar

ဒီနေ့တော့pencil boxတစ်ခုပြုလုပ်ထားတာပါ။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံ၊စာတို့ဖြင့်ဖော်ပြထားပြီး၊ပန်းပွင့်တွေ၊ဘိုးပွင့်တစ်ပွင့်ဖြင့်အလှဆင်ထားပါတယ်။ကတ်ထူဘူးခွံ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသည်တို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ကတ်ထူဘူးခွံတစ်ခုကိုရှေ့နောက်မျက်နှာနှစ်ခုကိုစက်ဝိုင်းခြမ်းပုံဆွဲပြီး၊ရောင်စုံစက္ကူများဖြင့်ပုံပြထားတဲ့အတိုင်းလှပစွာကော်ကပ်ထားပါတယ်။ပြီးနောက်ပန်းပွင့်သုံးပွင့်ခေါက်ရမှာပါ။ပန်းပွင့်ပြုလုပ်နည်းကရိုးရှင်းလွယ်ကူပြီး၊အရွယ်တူစက်ဝိုင်းပုံသုံးခုကိုညှပ်၍အလယ်မှတစ်ဝက်တိတိခေါက်ပြီး၊စက္ကူခေါက်သုံးခုကိုညီညာစွာကလစ်ဖြင့်ညှပ်လိုက်ပါတယ်။ပြီးနောက်ပန်းပွင့်ပုံစံဖော်လိုက်ပါတယ်။ပန်းပွင့်သုံးပွင့်ပြုလုပ်ပြီးရင်ရွှေရောင်ကတ်ထူဖြင့်စက္ကူဖောက်စက်ကိုအသုံးပြု၍အရွယ်တူရွှေရောင်စက္ကူစလေးတွေဖြတ်ကာ၊ပုံပြထားတဲ့အတိုင်းပန်းပွင့်သုံးပွင့်ဖြင့်ကော်ကပ်အလှဆင်လိုက်ပါတယ်။ပြီးနောက်ဘိုးပွင့်လေးတစ်ပွင့်ချည်၍ထပ်မံကော်ကပ်ပါတယ်။

Auto-converted: ဒီေန့ေတာ့pencil boxတစ္ခုျပဳလုပ္ထားတာပါ။ျပဳလုပ္နည္းအဆင့္ဆင့္ကိုပံု၊စာတို႔ျဖင့္ေဖာ္ျပထားၿပီး၊ပန္းပြင့္ေတြ၊ဘိုးပြင့္တစ္ပြင့္ျဖင့္အလွဆင္ထားပါတယ္။ကတ္ထူဘူးခြံ၊ေရာင္စံုစကၠူ၊ကတ္ေၾကး၊ေကာ္၊ခဲတံ၊ေပတံစသည္တို႔ကိုအသံုးျပဳ၍ျပဳလုပ္ထားပါတယ္။ကတ္ထူဘူးခြံတစ္ခုကိုေရ႔ွေနာက္မ်က္ႏွာႏွစ္ခုကိုစက္ဝိုင္းျခမ္းပံုဆြဲၿပီး၊ေရာင္စံုစကၠူမ်ားျဖင့္ပံုျပထားတဲ့အတိုင္းလွပစြာေကာ္ကပ္ထားပါတယ္။ၿပီးေနာက္ပန္းပြင့္သံုးပြင့္ေခါက္ရမွာပါ။ပန္းပြင့္ျပဳလုပ္နည္းကရိုးရွင္းလြယ္ကူၿပီး၊အရြယ္တူစက္ဝိုင္းပံုသံုးခုကိုၫွပ္၍အလယ္မွတစ္ဝက္တိတိေခါက္ၿပီး၊စကၠူေခါက္သံုးခုကိုညီညာစြာကလစ္ျဖင့္ၫွပ္လိုက္ပါတယ္။ၿပီးေနာက္ပန္းပြင့္ပံုစံေဖာ္လိုက္ပါတယ္။ပန္းပြင့္သံုးပြင့္ျပဳလုပ္ၿပီးရင္ေရႊေရာင္ကတ္ထူျဖင့္စကၠူေဖာက္စက္ကိုအသံုးျပဳ၍အရြယ္တူေရႊေရာင္စကၠူစေလးေတျြဖတ္ကာ၊ပံုျပထားတဲ့အတိုင္းပန္းပြင့္သံုးပြင့္ျဖင့္ေကာ္ကပ္အလွဆင္လိုက္ပါတယ္။ၿပီးေနာက္ဘိုးပြင့္ေလးတစ္ပြင့္ခ်ည္၍ထပ္မံေကာ္ကပ္ပါတယ္။

img_0.9804269061311102.jpg

img_0.7674383155758873.jpg

img_0.2434327575211281.jpg

img_0.6534291252000464.jpg

img_0.9794948383707691.jpg

Written by @asterkame
By my photos & made by me



0
0
0.000
0 comments