Paper Crafts Beautiful Photo Frame

avatar

ဒီတစ်ခုကဓာတ်ပုံလေးတွေထားပြီးအသုံးပြုလို့ရတဲ့ပန်းပွင့်များ၊အရွက်များဖြင့်လှပစွာအလှဆင်ထားတဲ့ဓာတ်ပုံဘောင်တစ်ခုပြုလုပ်ထားပါတယ်။လွယ်ကူစွာပြုလုပ်နိုင်ရန်ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့စာဖြင့်ပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြုထားပါတယ်။ပထမအဆင့်မှာကတ်ထူဖြင့်လေးထောင့်ပုံစံဘောင်တစ်ခုဖြတ်၍အဝါရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ပြီးနောက်အဝါရောင်အနားလေးခုအနက်တစ်ဘက်ကိုပန်းပွင့်များကော်ကပ်နိုင်အောင်အနည်းငယ်ရှည်ထားလိုက်ပါတယ်။သစ်ရွက်လေးတွေကိုအစိမ်းရောင်စာရွက်မှာသစ်ရွက်ပုံဆွဲပြီး၊ညှပ်၍သစ်ရွက်များပြုလုပ်ပါတယ်။ပန်းပွင့်လေးတွေကိုရောင်စုံစက္ကူပေါ်ပန်းပွင့်ပုံဆွဲ၍ညှပ်လိုက်ပါတယ်။အဖြူရောင်ပန်းပွင့်လေးတွေကိုအနည်းငယ်သေး၍ပုံဆွဲပြီးပြုလုပ်ပါတယ်။ပန်းပွင့်များကိုနှစ်ပွင့်စီကော်ကပ်၍ဘောင်ပေါ်မှာအရွက်များဖြင့်ပုံပြထားတဲ့အတိုင်းကော်ကပ်အလှဆင်ပါတယ်။ထိုဓာတ်ပုံဘောင်ရဲ့ကျောဘက်မှာအဖြူရောင်ကတ်ထူဖြင့်ကော်ကပ်ပါတယ်။

img_0.6502271745896097.jpg

img_0.6875800929117626.jpg

img_0.6662639452620045.jpg

img_0.7596151412920482.jpg
Written by @asterkame
By my photos & made by me



0
0
0.000
4 comments
avatar

အသုံးဝင်ပြီး လှပတဲ့ photo frame လေးတစ်ခုဖြစ်ပါတယ်။

0
0
0.000
avatar

ဟုတ်ကဲ့ အားပေးလို့ကျေးဇူးပါ

0
0
0.000