Paper Craft Pencil Box Idea

avatar

ဒီတစ်ခုကတော့ခဲတံ၊ဘောလ်ပင်လေးတွေထည့်လို့ရပြီး၊အဖုံးပါတဲ့ဘောက်စ်တစ်ခုပါ။ဘောက်စ်မှာလည်းအကန့်နှစ်ကန့်ခွဲထားတဲ့ပုံပြုလုပ်ထားပြီး၊ကတ်ထူဘူးခွံ၊ရောင်စုံစက္ကူ၊ခဲတံ၊ပေတံ၊ကော်ရှိရင်ပြုလုပ်လို့ရပါပြီ။ပထမအဆင့်မှာအရွယ်တူကတ်ထူဘူးခွံနှစ်ခုယူမယ်။ဒီမှာတော့သွားတိုက်ဆေးဘူးခွံနှစ်ခုဖြင့်ပြုလုပ်ထားပါတယ်။ဘူးခွံကိုဖြတ်၍နှစ်ခုကိုဆက်၍ကော်ကပ်ပြီး၊လိမ္မော်ရောင်စာရွက်ကော်ကပ်ထားပါတယ်။နောက်တစ်ဆင့်မှာထိုဘူးခွံရဲ့အလျားအနံအတိုင်းကတ်ထူတစ်ရွက်ပေါ်တိုင်း၍မှတ်သားပြီး၊ခေါက်ချိုး၍အနားနှစ်ဘက်ကိုဆက်၍ကော်ကပ်ပြီး၊အဖုံးပြုလုပ်လိုက်ပါတယ်။အဖုံးကိုတော့အနီရောင်စာရွက်ဖြင့်ကော်ကပ်ပါတယ်။

20200705_145858_2508624.png

20200705_144503_2508624.png

20200706_191920_1734014645.png

20200706_191721_1646696853.png

20200706_192054_451627171.png

ဆက်လက်ပြီးဘောက်စ်ရဲ့အဖုံးမှာအလှဆင်ရန်ဘိုးတစ်ပွင့်နှင့်သစ်ရွက်ပုံလေးနှစ်ရွက်ဖြတ်ပါတယ်။ဘိုးပွင့်မှာတော့အနီ၊ပန်းရောင်၊အဝါရောင်စာရွက်ကိုပုံအတိုင်းဖြတ်၍၊အဝါရောင်စာရွက်ကိုအလယ်သို့တစ်ဘက်စီမှခေါက်ချိုးပြီး၊အနီနှင့်ပန်းရောင်စာရွက်ကိုအပိုင်းငယ်များဖြတ်၍အနားနှစ်ခုဆက်ကော်ကပ်လိုက်ပါတယ်။ထိုစက္ကူခေါက်
သုံးခုကိုကော်ကပ်ပြီး၊အလယ်မှအခြားစက္ကူအပိုင်းဖြင့်ချည်လိုက်ပါတယ်။အရွယ်တူအရွက်ပုံစံလေးနှစ်ခုကိုလည်းအရောင်နှစ်မျိုးဖြင့်ပြုလုပ်ပါတယ်။အနီရောင်အဖုံးရဲ့အပေါ်မှာပုံဆွဲပြီး၊ဘိုးပွင့်နှင့်အရွက်ပုံစံနှစ်ခုကိုပုံအတိုင်းကော်ကပ်အလှဆင်ပါတယ်။

20200706_192356_1131134161.png

20200706_192504_576947335.png

20200706_192305_772414827.png

20200705_145448_218435808.png

20200705_144955_2508624.png
Written by @asterkame
By my photos & made by me



0
0
0.000
2 comments
avatar

ပန်းချီနဲ့ လက်မှု အတွဲပြုပြီး မျက်စိကို ခံစားမှုပေးစေတယ်။

0
0
0.000
avatar

ဟုတ်ပါတယ်
ဒီတစ်ခုမှာစက္ကူခေါက်တာနဲ့ပုံဆွဲထားတာလေးလည်းပါ ပါတယ်....

0
0
0.000