Paper Art Wall Hanging Idea with Origami Flowers

avatar

ဒီတစ်ခုကတော့နံရံအလှဆင်တစ်ခုပုံဖော်ထားတာဖြစ်ပြီး၊ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားတာပါ။ကတ်ထူတစ်ခုကိုစက်ဝိုင်းခြမ်းပုံစံဖြတ်ပြီး၊လိမ္မော်ရောင်စာရွက်ကော်ကပ်ပါတယ်။ပြီးနောက်ကတ်ထူနှင့်လိမ္မော်ရောင်စာရွက်သုံးပြီး၊စက္ကူအပိုင်းငယ်များဖြတ်ကာ၊စက်ဝိုင်းခြမ်းပုံကတ်ထူနှင့်ဆက်လိုက်ပါတယ်။ပြီးနောက်နှင်းဆီပွင့်လေးတွေပြုလုပ်ပါတယ်။ပန်းပွင့်လေးတွေကစာရွက်ကိုအပိုင်းငယ်များပထမဆုံးခေါက်လိုက်ပါတယ်။အလယ်မှခေါက်ချိုးပြီး၊တစ်ဘက်စီကိုတစ်ကြိမ်စီခေါက်ရင်းပန်းပွင့်ပြုလုပ်ထားတာပါ။ဒီပန်းပွင့်ခေါက်နည်းကိုအအေးသောက်တဲ့ပိုက်တွေနဲ့ပြုလုပ်လည်းရပါတယ်။ခုဒီမှာတော့စက္ကူနဲ့ခေါက်ထားပါတယ်။

photo 126 212959.jpg

photo 126 213055.jpg

photo 126 221748.jpg

photo 126 221426.jpg

photo 126 22162.jpg

photo 126 22153.jpg

ပန်းပွင့်များကိုပန်းရောင်၊အနီ၊အဝါသုံးမျိုးခေါက်ပါတယ်။ပြီးနောက်အစိမ်းရောင်စာရွက်ဖြင့်အရွယ်တူသစ်ရွက်လေးတွေဖြတ်ပါတယ်။ဆက်လက်ပြီးအဝါရောင်စာရွက်နဲ့ကတ်ထူကိုသုံးပြီး၊အရွယ်တူစက္ကူအပိုင်းငယ်များပြုလုပ်ကာ၊စက်ဝိုင်းခြမ်းပုံကတ်ထူမှာပုံပြထားတဲ့အတိုင်းဆက်၍ကော်ကပ်ပါတယ်။ထိုကတ်ထူပေါ်မှာပန်းပွင့်ရောင်စုံလေးတွေနဲ့သစ်ရွက်တွေကိုပုံပြထားတဲ့အတိုင်းညီညာစွာစီပြီး၊အလှဆင်ပါတယ်။

photo 126 213611.jpg

photo 126 212918.jpg

Written by @asterkame
By my photos & made by me



0
0
0.000
0 comments