Paper Art Wall Hanging

avatar

ဒီတစ်ခုကတော့နံရံအလှဆင်တစ်ခုပြုလုပ်ထားပြီး၊ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့စာဖြင့်ဖော်ပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ပထမအဆင့်မှာကတ်ထူနဲ့ရောင်စုံစက္ကူဖြင့်စက်ဝိုင်းခြမ်းပုံညှပ်၍ကော်ကပ်ထားပါတယ်။ပြီးနောက်အစိမ်းရောင်စက္ကူအပိုင်းငယ်များခေါက်၍ထိုကတ်ထူဖြင့်ဆက်၍ကော်ကပ်လိုက်ပါတယ်။ပြီးနောက်ပန်းပွင့်တွေနဲ့လိပ်ပြာလေးတွေပြုလုပ်ပါတယ်။ပန်းပွင့်အတွက်စာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊ထောင့်ဖြတ်အတိုင်းအဆင့်ဆင့်ခေါက်ချိုး၍ကတ်ကြေးဖြင့်ညှပ်ကာ၊ပန်းပွင့်ပုံစံလေးတွေပြုလုပ်ပါတယ်။ထိုပန်းပွင့်တွေကိုတစ်ခုနဲ့တစ်ခုကော်ကပ်ပြီး၊စက်ဝိုင်းခြမ်းပုံကတ်ထူမှာအလှဆင်ပါတယ်။လိပ်ပြာလေးတွေကိုစာရွက်ကိုအလျားအနံတူညီစွာညှပ်ပြီး၊ထောင့်ဖြတ်နဲ့အလယ်မှတစ်ဝက်တိတိခေါက်၍၊ပုံပြထားတဲ့အတိုင်းအဆင့်ဆင့်ခေါက်ပြီး၊ရောင်စုံလိပ်ပြာလေးတွေပြုလုပ်ပါတယ်။ထိုလိပ်ပြာလေးတွေကိုတော့အစိမ်းရောင်စက္ကူအပိုင်းတွေမှာကော်ကပ်အလှဆင်ပါတယ်။

img_0.41083591514587253.jpg

img_0.8153007115279222.jpg

img_0.12016616250278139.jpg

img_0.7438458408547235.jpg

img_0.3722893101755342.jpg

img_0.5244720017489868.jpg

img_0.304590117371257.jpg
Written by @asterkame
By my photos & made by me



0
0
0.000
2 comments