My Crafts Card Idea Using Paper

avatar

ဒီနေ့တော့ကဒ်လေးတစ်ကဒ်ပြုလုပ်ထားပါတယ်။အသည်းပုံကဒ်တစ်ခုဖြစ်ပြီး၊စုစုပေါင်းအသည်းပုံစံလေးခုပြုလုပ်ရမှာပါ။ပြုလုပ်နည်းကိုပုံ၊စာတို့ဖြင့်အဆင့်ဆင့်ပြထားပြီး၊ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ပထမဆုံးအသည်းပုံကဒ်လေးခုပြုလုပ်ပါတယ်။နှစ်ခုကိုအနည်းငယ်ကြီး၍ပြုလုပ်ပြီး၊ကျန်နှစ်ခုကနည်းနည်းသေးပါတယ်။ထိုအသည်းပုံကတ်ထူကိုရောင်စုံစက္ကူအရောင်နှစ်မျိုးကိုအသည်းပုံစံအကြီး၊အသေးဖြတ်ပြီး၊ကော်ကပ်ထားပါတယ်။ပြီးနောက်အစိမ်းရောင်စက္ကူအပိုင်းနှစ်ခုကိုတွန့်ခေါက်ရမှာပါ။ထိုစက္ကူခေါက်နှစ်ခုကိုအသည်းပုံစံကတ်ထူအကြီးရဲ့ကျောဘက်မှာပုံပြထားတဲ့အတိုင်းကော်ကပ်ပြီး၊တစ်ဘက်စီမှစက္ကူခေါက်လေးတွေကိုတစ်လှည့်စီခေါက်၍အဆုံးမှာအခြားအသည်းပုံကတ်ထူဖြင့်ကော်ကပ်လိုက်ပါတယ်။

photo 80 15315.jpg

photo 80 153310.jpg

photo 80 153613.jpg

photo 80 02342.jpg

photo 80 15399.jpg

ပြီးနောက်ထိုအသည်းပုံကတ်ထူလေးခုမှာလေးထောင့်ပုံဘောက်စ်ပုံစံရအောင်၊စာရွက်ကိုလေးထောင့်ပုံဖြတ်၍၊ကော်ကပ်ပြီး၊ဗူးအဖုံးကိုဖွင့်ထားတဲ့ပုံဖြစ်အောင်ပြုလုပ်ထားပါတယ်။ပြီးနောက်ရောင်စုံပူဖောင်းလေးတွေထွက်လာတဲ့ပုံပြုလုပ်လိုက်ပါတယ်။ဒီလိုပုံစံတွေကိုကဒ်လေးခုလုံးမှာပုံဖော်ပြီး၊အသည်းပုံကဒ်အသေးနှစ်ခုကိုအတွင်းဘက်စက္ကူခေါက်တွေမှာထားပြီး၊ဖဲကြိုးနဲ့ချည်ပြီး၊လက်ဆောင်ပေးလို့ရတဲ့ကဒ်လေးတစ်ကဒ်ပြုလုပ်လိုက်ပါတယ်။

photo 80 152938.jpg

IMG_20210108_120635.jpg

Written by @asterkame
By my photos & made by me



0
0
0.000
0 comments