I Make Paper Shelf & Pencil Holder

avatar

ဒီနေ့တော့ခဲတံ၊ဘောလ်ပင်လေးတွေထားလို့ရတဲ့pencil holderတစ်ခုနဲ့အတိုအထွာပစ္စည်းလေးတွေတင်လို့ရတဲ့အဆင့်သုံးဆင့်ပါတဲ့စင်တစ်ခုကိုပြုလုပ်ထားပါတယ်။ပြုလုပ်နည်းကိုပုံ၊စာတို့ဖြင့်အဆင့်ဆင့်ဖော်ပြထားပါတယ်။ကတ်ထူ၊အရွယ်တူဘူးခွံသုံးခု၊ရောင်စုံစက္ကူ၊ခဲတံ၊ပေတံ
ကော်စသဖြင့်လိုအပ်ပါတယ်။အဆင့်သုံးဆင့်ပါတဲ့စင်အတွက်အရွယ်တူဘူးခွံသုံးခုကိုအဝါရောင်စာရွက်ကော်ကပ်ပြီး၊အနီရောင်စက္ကူအပိုင်းများဖြင့်အနားကွပ်ထားပါတယ်။ပြီးနောက်ကတ်ထူတစ်ရွက်ကိုခုနကဘောက်စ်ရဲ့အနားအရွယ်အစားအတိုင်းခေါက်ချိုးလို့ရအောင်ဖြတ်ထားပါတယ်။အပေါ်ဘက်မှာတော့အနည်းငယ်ဝိုက်၍ဖြတ်မှာပါ။ထိုကတ်ထူကိုပန်းရောင်နဲ့အပြာရောင်စာရွက်အပိုင်းများကိုတစ်ခုစီခြား၍ကော်ကပ်လိုက်ပါတယ်။ထိုကတ်ထူမှာပုံပြထားတဲ့အတိုင်းအရွယ်တူဘူးခွံသုံးခုကိုအဆင့်ဆင့်ကော်ကပ်လိုက်ပါတယ်။

photo 268 11269.jpg

photo 268 112936.jpg

photo 268 112917.jpg

photo 268 112830.jpg

ဆက်လက်ပြီးခဲတံလေးတွေ၊ဘောလ်ပင်လေးတွေထားလို့ရအောင်ဘောက်စ်တစ်ခုထပ်မံပြုလုပ်မှာပါ။အပြာရောင်၊အဝါရောင်နဲ့ပန်းရောင်စာရွက်ကိုတူညီတဲ့အပိုင်းငယ်လေးတွေခေါက်လိုက်ပြီး၊2.5လက်မလေးကွက်တိုင်း၍၊ခေါက်ချိုးပြီး၊လေးထောင့်ကွက်လေးတွေလေးခုပြုလုပ်ပါတယ်။လေးထောင့်ပုံတစ်ခုမှာတော့ကတ်ထူတစ်ခုဖြင့်ကော်ကပ်ပါတယ်။ထိုကတ်ထူကိုတော့အောက်ဆုံးမှာကော်ကပ်ပြီး၊ကျန်လေးထောင့်ပုံလေးတွေကိုတော့တစ်ခုစီအဆင့်ဆင့်စီ၍ကော်ကပ်လိုက်ပါတယ်။

photo 268 113036.jpg

photo 268 112953.jpg

photo 268 113015.jpg

photo 268 112654.jpg

photo 268 03244.jpg

Written by @asterkame
By my photos & made by me



0
0
0.000
0 comments