I Made Wall Hanging with Paper

avatar

ဒီတစ်ခုကတော့နံရံအလှဆင်တစ်ခုပြုလုပ်ထားတာဖြစ်ပြီး၊ပန်းပွင့်လေးတွေဖြင့်အလှဆင်ထားပါတယ်။ပြုလုပ်နည်းကိုပုံနှင့်စာဖြင့်ဖော်ပြထားပြီး၊လိုအပ်တဲ့ပစ္စည်းများကတော့ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။ပထမအဆင့်မှာတော့လိမ္မော်ရောင်စာရွက်ကိုအပိုင်းငယ်လေးတွေခေါက်ချိုးထားပြီး၊စက္ကူအပိုင်းတစ်ခုကိုအလယ်မှလိမ်၍ကလစ်ဖြင့်ညပ်ပါတယ်။နောက်ထပ်စက္ကူအပိုင်းနှစ်ခုကိုပုံပြထားတဲ့အတိုင်းကလစ်ဖြင့်ညပ်ပါတယ်။ပြီးနောက်အခြားစက္ကူအပိုင်းများဖြင့်လေးထောင့်ကွက်လေးတွေပုံဖော်လိုက်ပါတယ်။ပြုလုပ်နည်းကိုပုံမှာအဆင့်အလိုက်နံပါတ်များတပ်ပြီးပြထားပါတယ်။

20200526_190325_2129396829.png

20200526_190042_1695965330.png

FRAME_COLLAGE1590493309357.png

ဒီအဆင့်ကပန်းပွင့်များခေါက်မှာပါ။စာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊ပုံမှာပြထားတဲ့အတိုင်းနံပါတ်အလိုက်အဆင့်ဆင့်ခေါက်လိုက်ပါတယ်။ပြီးနောက်ပန်းပွင့်ပုံပေါ်လာရင်ထောင့်စွန်းတွေကိုအနက်ရောင်ဖြင့်ခြယ်လိုက်ပါတယ်။

FRAME_COLLAGE1590492975759.png

ဒီအဆင့်မှာကတ်ထူစက္ကူအပိုင်းတစ်ခုကိုအနက်ရောင်ဆေးခြယ်ပြီး၊လိမ္မော်ရောင်စက္ကူခေါက်ဖြင့်ဆက်လိုက်ပါတယ်။ဆက်လက်ပြီးအစိမ်းရောင်စာရွက်ကိုအပိုင်းငယ်များတူညီစွာဖြတ်၍အနားနှစ်ခုဆက်၍ကော်ကပ်ကာ၊အလယ်မှခေါက်ချိုးလိုက်ပါတယ်။ထိုခေါက်ချိုးထားတာကိုကလစ်ဖြင့်ညပ်ပြီး၊ပန်းပွင့်ပုံဖော်၍အနက်ရောင်ကတ်ထူအပိုင်းမှာဆက်ထားလိုက်ပါတယ်။ခုနကပြုလုပ်ပြီးတဲ့ပန်းပွင့်များကိုလည်းကော်ကပ်ပါတယ်။

FRAME_COLLAGE1590493380441.png

20200526_190210_838119400.png

Written by @asterkame
By my photos & made by me



0
0
0.000
2 comments
avatar

အိုး... ဒါလေးကလည်း လှတယ်ဗျို့

0
0
0.000
avatar

လှတယ်ဆိုလို့ကျေးဇူးပါ...

0
0
0.000