I Made Paper Wall Hanging with Origami Flowers

avatar

ဒီနေ့တော့နံရံအလှဆင်တစ်ခုပြုလုပ်ထားပါတယ်။နှင်းဆီပွင့်တွေရယ်၊အသည်းပုံကတ်ထူတွေ၊အခြားစက္ကူခေါက်များ၊ကတ်ထူစက္ကူဘောင်များပြုလုပ်၍လှပစွာပုံဖော်ထားပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုလည်းစာနှင့်အတူပုံလေးတွေနဲ့ဖော်ပြထားပါတယ်။ပထမဆုံးကတော့ကတ်ထူနှင့်ပန်းရောင်စက္ကူကိုအသုံးပြု၍လေးထောင့်ပုံစံဘောင်သုံးခုပြုလုပ်ကာ၊တစ်ခုနဲ့တစ်ခုဆက်၍ကော်ကပ်ထားပါတယ်။ပြီးနောက်နှင်းဆီပွင့်များခေါက်ရမှာပါ။စာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊အလယ်မှတစ်ဝက်၊ထောင့်ဖြတ်အတိုင်းခေါက်ချိုးမျဥ်းယူပြီး၊အတွင်းသို့ခေါက်လိုက်ပါတယ်။ပြီးနောက်ပုံလေးတွေပြထားတဲ့အတိုင်းအဆင့်ဆင့်ခေါက်ချိုး၍၊အဆုံးမှာပန်းပွင့်ပုံပေါ်လာရင်အနားတွေကိုအနည်းငယ်ခေါက်ရမှာပါ။စုစုပေါင်းနှင်းဆီပွင့်ခုနစ်ပွင့်ပြုလုပ်ရမှာပါ။

photo 40 121841.jpg

photo 40 122013.jpg

photo 40 122525.jpg

photo 40 122318.jpg

photo 40 122559.jpg

ဒီအဆင့်မှာပန်းရောင်ကတ်ထူနဲ့အခြားစက္ကူအပိုင်းငယ်နှစ်ခုကိုဖြတ်ပြီး၊ဆက်၍ကော်ကပ်လိုက်ပါတယ်။ပြီးနောက်အရွယ်တူအသည်းပုံကတ်ထူနှစ်ခုဖြတ်ရမှာပါ။ထိုအသည်းပုံနှစ်ခုကိုပန်းရောင်စက္ကူဖြင့်ကော်ကပ်ပြီး၊နှင်းဆီပွင့်နှစ်ပွင့်ဖြင့်ကော်ကပ်ပါတယ်။ပန်းရောင်ကတ်ထူပေါ်မှာလည်းပန်းပွင့်ငါးပွင့်ကော်ကပ်လိုက်ပါတယ်။အခြားစက္ကူခေါက်နှစ်ခုပြုလုပ်ပါတယ်။ပန်းရောင်စာရွက်အပိုင်းနှစ်ခုမှာအစက်လေးတွေဆွဲပြီး၊တွန့်ခေါက်၍အလယ်မှခေါက်ချိုးကာ၊ကော်ကပ်လိုက်ပါတယ်။ထိုစက္ကူခေါက်နှစ်ခုဖြင့်လည်းအလှဆင်လိုက်ပါတယ်။

photo 40 122649.jpg

photo 40 12279.jpg

photo 40 122728.jpg

photo 40 122043.jpg

photo 40 122124.jpg

photo 40 122628.jpg
Written by @asterkame
By my photos & made by me



0
0
0.000
6 comments
avatar

အသဲကွဲပြီး စိမ်းနေသည်

0
0
0.000
avatar

ပန်းပွင့်တွေကစိမ်းသွားတယ်.....

0
0
0.000
avatar

အနုပညာ...အစွမ်းပါ

0
0
0.000
avatar

ဟုတ်ကဲ့ ကျေးဇူးပါ

0
0
0.000
avatar

စိမ်းစိမ်းလေးက မျက်စိအေးတယ်ဗျို့...

0
0
0.000
avatar

ဟုတ်ကဲ့ပါ အစိမ်းရောင်ပန်းပွင့်လေးတွေနဲ့အလှဆင်

0
0
0.000