I Made Paper Pencil Holder with Flowers

avatar

ဒီတစ်ခုကတော့ခဲတံ၊ဘောလ်ပင်၊ပေတံစသဖြင့်အတိုအထွာလေးတွေထည့်နိုင်တဲ့pencil boxတစ်ခုပါ။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစတာတွေကိုအသုံးပြုပြီးပြုလုပ်ထားပါတယ်။ပြုလုပ်နည်းကပထမအဆင့်မှာစက်ဝိုင်းပုံစက္ကူအလိပ်တစ်ခုယူပြီးပန်းရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ပြီးနောက်ထိုစက္ကူအလိပ်ရဲ့တစ်ဘက်ကိုကတ်ထူဖြင့်ကော်ကပ်ပါတယ်။ဆက်လက်ပြီးအနီရောင်နှင့်အဝါရောင်စာရွက်ကိုပုံပြထားတဲ့အတိုင်းပုံဆွဲပြီးလှိုင်းတွန့်လေးတွေဖြတ်လိုက်ပါတယ်။ထိုနှစ်ခုကိုကော်ကပ်လိုက်ပါတယ်။အနားတွေကိုလည်းပေတံဖြင့်ခေါက်လိုက်ပါတယ်။ထို့နောက်ပန်းရောင်ဘူးခွံမှာကော်ကပ်လိုက်ပါတယ်။

20200530_180651_334130066.png

20200530_180444_1720525501.png

IMG_20200528_115948.jpg

IMG_20200531_180807.jpg

IMG_20200528_120609.jpg

IMG_20200528_120913.jpg

ဒီအဆင့်မှာအစိမ်းရောင်စက္ကူအပိုင်းနှစ်ခုဖြတ်ပါတယ်။ထိုစက္ကူအပိုင်းကိုအလယ်မှခေါက်ချိုးပြီး၊ကော်ကပ်ရန်နေရာချန်၍ကျန်တစ်ဘက်ကိုအပိုင်းငယ်လေးတွေဖြတ်ပါတယ်။အနားနှစ်ခုကိုလည်းကော်ကပ်လိုက်ပါတယ်။ထိုအစိမ်းရောင်စက္ကူအပိုင်းကိုတော့ပုံပြထားတဲ့အတိုင်းပန်းရောင်ဘူးခွံရဲ့အနားနှစ်ဘက်မှာကော်ကပ်လိုက်ပါတယ်။

IMG_20200528_123142.jpg

ဆက်လက်ပြီးပန်းပွင့်လေးတွေနဲ့အလှဆင်ချင်တာကြောင့်အရောင်နှစ်မျိုးဖြင့်အရွယ်တူပန်းပွင့်လေးတွေဖြတ်ထားလိုက်ပါတယ်။ပန်းပွင့်ရဲ့အနားတွေကိုလည်းအနက်ရောင်ဖြင့်ဆေးခြယ်လိုက်ပါတယ်။ပန်းပွင့်များပြုလုပ်ပြီးနောက်ထိုပန်းပွင့်တွေကိုဘောက်စ်မှာကော်ကပ်အလှဆင်ပါတယ်။

FRAME_COLLAGE1590838734396.png

20200530_180315_1625427786.png
Written by @asterkame
By my photo & made by me



0
0
0.000
2 comments
avatar

ပို့စ်တစ်ခုအတွက်ဆို တော်တော်အားထုတ်ရတာပဲနော်

0
0
0.000
avatar

ဟုတ်ပါတယ်... စက္ကူခေါက်ပြီး၊ပုံရိုက်ပြီးတော့ပြုလုပ်နည်းတွေရေးပါတယ်...ပုံလေးတွေလည်းလှအောင်ပြန်ပြင်ဆင်ပါတယ်...

0
0
0.000