I Made Paper Craft Flower Vase

avatar

ဒီတစ်ခုကတော့ပန်းအိုးလေးတစ်လုံးပြုလုပ်ထားပါတယ်။ပန်းအိုးကိုတော့ပလပ်စတစ်ဘူးခွံကိုဆေးသုတ်ပြီး၊စက္ကူပန်းပွင့်များဖြင့်ပုံဖော်ထားပါတယ်။ပြလုပ်နည်းကိုပုံ၊စာတို့ဖြင့်ဖော်ပြထားပြီး၊ပလပ်စတစ်ဘူးခွံတစ်ခု၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ရှိရင်ပြုလုပ်နိုင်ပါပြီ။ပထမအဆင့်မှာပလပ်စတစ်ဘူးခွံကိုပန်းရောင်ဆေးသုတ်လိုက်ပါတယ်။လက်သည်းနီနဲ့ဘူးခွံကိုပန်းရောင်ခြယ်လိုက်ပါတယ်။ငွေရောင်ကတ်ထူကိုအပိုင်းငယ်ဖြတ်၍ဘူးခွံမှာကော်ကပ်ပြီး၊ငွေရောင်ပန်းနှစ်ပွင့်ကိုလည်းဖြတ်၍အလှဆင်လိုက်ပါတယ်။

20200628_141541_2085465844.png

20200628_141134_897225378.png

20200628_141253_1384554719.png

IMG_20200628_125938.jpg

ဒီအဆင့်မှာအစိမ်းရောင်အရွယ်တူအရွက်သုံးရွက်ဖြတ်ပြီး၊အနားတွေမှာတော့အပိုင်းငယ်လေးတွေဖြတ်လိုက်ပါတယ်။အစိမ်းရောင်စက္ကူအလိပ်သုံးလိပ်ကိုခေါက်ပြီး၊ထိုအရွက်သုံးရွက်နဲ့ကော်ကပ်လိုက်ပါတယ်။ဆက်လက်ပြီးနှင်းဆီပွင့်များခေါက်ပါတယ်။

IMG_20200628_125838.jpg

FRAME_COLLAGE1593329829005.png

နှင်းဆီပွင့်ခေါက်နည်းကA4sizeစာရွက်ကိုလေးခေါက်ချိုးပြီး၊အပေါ်မှာပုံပြထားတဲ့အတိုင်းဆွဲ၍ဖြတ်လိုက်ပါတယ်။အနားတစ်ဘက်မှအတွင်းသို့ပန်းပွင့်ပုံပေါ်အောင်ခေါက်ပြီးအဆုံးမှာကော်ကပ်ထားပါတယ်။အရွယ်တူနှင်းဆီပွင့်လေးပွင့်ပြုလုပ်ပြီး၊ထိုပန်းပွင့်တွေကိုစက္ကူအလိပ်လေးခုဖြင့်ဆက်ရမှာပါ။စက္ကူအလိပ်လေးလိပ်ခေါက်ပြီး၊တစ်ဘက်မှာပုံမှာတွေ့ရတဲ့အတိုင်းအနားကိုအပိုင်းငယ်တွေဖြတ်ပြီး၊ကော်ကပ်၍ဆက်လိုက်ပါတယ်။ပြီးနောက်ပန်းအိုးမှာအလှဆင်ထားပါတယ်။

FRAME_COLLAGE1593329750085.png

FRAME_COLLAGE1593329637966.png

Written by @asterkame
By my Photos & made by me



0
0
0.000
0 comments