I Made Beautiful Paper Crafts

avatar

ဒီတစ်ခုကတော့အလှထားလို့ရတဲ့စက္ကူအလှဆင်တစ်ခုဖြစ်ပြီး၊ပြုလုပ်နည်းကိုပုံ၊စာတို့ဖြင့်အဆင့်ဆင့်ပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ပထမအဆင့်မှာကတ်ထူနဲ့အပြာရောင်စက္ကူကိုအသုံးပြု၍၊ကတ်ထူကိုစက်ဝိုင်းပုံဖြတ်၍ကော်ကပ်ပြီး၊စက်ဝိုင်းပုံကတ်ထူတစ်ခုပြုလုပ်ပါတယ်။ပြီးနောက်အပြာရောင်စက္ကူအပိုင်းကိုဖြတ်၍၊ထိုစက်ဝိုင်းပုံကတ်ထူရဲ့နံဘေးအနားတွေမှာကော်ကပ်ပါတယ်။ပြီးနောက်အစိမ်းရောင်စက္ကူအလိပ်လေးခုပြုလုပ်၍ပန်းရောင်စက္ကူကိုအပိုင်းငယ်ဖြတ်ပြီး၊ပုံပြထားတဲ့အတိုင်းကော်ကပ်ပါတယ်။လေးထောင့်ပုံစံဖော့ပြားကိုကော်ကပ်ပြီး၊အစိမ်းရောင်စက္ကူအလိပ်များခေါက်၍၊ထပ်မံကော်ကပ်လိုက်ပါတယ်။ဆက်လက်ပြီးအနီရောင်၊အဝါရောင်စက္ကူဖြင့်ပန်းပွင့်များဆွဲ၍ပန်းပွင့်များပြုလုပ်ပြီး၊ကော်ကပ်လိုက်ပါတယ်။သစ်ရွက်ပုံစံလေးတွေဖြတ်ပြီး၊ခေါက်၍ကော်ကပ်လိုက်ပါတယ်။

photo 2911 135639.jpg

photo 2911 135323.jpg

photo 2911 135244.jpg

photo 2711 04341.jpg

IMG_20201226_182508.jpg

IMG_20201226_181713.jpg

IMG_20201226_180649.jpg

IMG_20201226_182955.jpg

IMG_20201226_183100.jpg

ဒီအဆင့်မှာပန်းရောင်စာရွက်ကိုစက်ဝိုင်းပုံညှပ်၍အလယ်မှတ်အထိဖြတ်လိုက်ပြီး၊အနားနှစ်ခုကိုဆက်၍ကော်ကပ်လိုက်ပါတယ်။ထိုစက္ကူခေါက်ကိုအမိုးပုံစံကော်ကပ်လိုက်ပါတယ်။ရောင်စုံပန်းပွင့်များဖြင့်လည်းအလှဆင်လိုက်ပါတယ်။ပြီးနောက်ဘိုးပွင့်ပုံစံတစ်ခုပြုလုပ်၍ဆေးခြယ်ပြီး၊အနီရောင်စက္ကူအပိုင်းနှစ်ခုကိုပေတံဖြင့်အခွေလေးတွေခေါက်ပြီး၊ထပ်မံ၍ဘိုးပွင့်မှာဆက်ပြီး၊အလှဆင်ပါတယ်။

photo 2911 135419.jpg

photo 2911 135457.jpg

photo 2911 135724.jpg

photo 2711 04116.jpg

photo 2911 135518.jpg

Written by @asterkame
By my photos & made by me



0
0
0.000
9 comments
avatar

ချစ်စရာလေးပါ

0
0
0.000
avatar

အသစ်လေးတွေနဲ့ဆက်ကြိုးစားနေပါတယ်.....

0
0
0.000
avatar

Congratulations @asterkame! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You received more than 1000 as payout for your posts. Your next target is to reach a total payout of 2000

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000