I Made Beautiful Flower Vase

avatar

ဒီတစ်ခုကပန်းအိုးလေးတစ်ခုပါ။ကတ်ထူကိုခေါက်ပြီး၊ပန်းအိုးပုံစံပြုလုပ်၍ပန်းပွင့်၊အရွက်လေးများဖြင့်အလှဆင်ထားတာပါ။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပြီး၊ပြုလုပ်နည်းအဆင့်ဆင့်ကိုလည်းပုံ၊စာတို့ဖြင့်ဖော်ပြထားပါတယ်။ကတ်ထူတစ်ရွက်ကိုအဝါရောင်စက္ကူတစ်ဘက်၊အဖြူရောင်စက္ကူဖြင့်တစ်ဘက်စီကော်ကပ်ပြီး၊ပုံအတိုင်းညှပ်လိုက်ပါတယ်။ပြီးနောက်တွန့်ခေါက်လိုက်ပြီး၊အနားနှစ်ဘက်ကိုဆက်၍ကော်ကပ်ပါတယ်။ကတ်ထူကိုစက်ဝိုင်းပုံဖြတ်၍အပြာရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ထိုကတ်ထူအပြာရောင်မှာခုနကအဝါရောင်စက္ကူခေါက်ဖြင့်ဆက်၍ကော်ကပ်လိုက်ပါတယ်။ပြီးနောက်သစ်ရွက်လေးတွေညှပ်ပြီး၊ပုံအတိုင်းခေါက်လိုက်ပါတယ်။ပန်းပွင့်လေးတွေကိုစာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊ထောင့်စွန်းမှအဆင့်ဆင့်ခေါက်၍ပန်းပွင့်ပုံဆွဲပြီးညှပ်လိုက်ပါတယ်။သစ်ရွက်လေးတွေ၊ပန်းပွင့်လေးတွေဖြင့်လှပစွာအလှဆင်ပြီး၊ပန်းအိုးလေးတစ်လုံးပြုလုပ်ထားပါတယ်။

img_0.7212299693395613.jpg

img_0.7825760982865047.jpg

img_0.7417262998476063.jpg

img_0.9025280456784118.jpg

img_0.21779340362522726.jpg

img_0.42163660887101023.jpg
Written by @asterkame
By my photos & made by me



0
0
0.000
1 comments