How to Make Origami Paper Owl

avatar

ဒီတစ်ခုကစက္ကူဖြင့်ပြုလုပ်ထားတဲ့ဇီးကွက်ရုပ်လေးပါ။စက္ကူခေါက်၍ပြုလုပ်ထားပါတယ်။ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့လိုအပ်ပါတယ်။ပြုလုပ်နည်းကိုလည်းစာရေးပြထားသလိုပုံလေးတွေနဲ့တစ်ဆင့်စီအဆင့်ဆင့်ပြထားပါတယ်။ပြုလုပ်နည်းကအဆင့်နည်းသလိုလွယ်ကူပါတယ်။ပထမအဆင့်မှာအပြာရောင်စာရွက်ကိုအရွယ်တူအပိုင်းသုံးပိုင်းဖြတ်၍တွန့်ခေါက်ပြီးအလယ်မှခေါက်ချိုး၍ကော်ကပ်ပါတယ်။ထိုစက္ကူခေါက်သုံးခုကိုတစ်ခုနဲ့တစ်ခုဆက်၍ကော်ကပ်ပြီး၊စက်ဝိုင်းပုံဖော်လိုက်ပါတယ်။ပြီးနောက်ဇီးကွက်အတွက်လိုအပ်တဲ့မျက်လုံးတို့အစရှိသည်တို့ကိုပြုလုပ်ပါတယ်။ပြီးနောက်ထပ်မံကော်ကပ်၍နေရာချပါတယ်။ဇီးကွက်ရုပ်လေးကိုအလှထားရအောင်ကတ်ထူကိုသုံးခေါက်ချိုး၍ကော်ကပ်ပါတယ်။ထိုကတ်ထူမှာဇီးကွက်ရုပ်လေးကော်ကပ်ပါတယ်။

img_0.4659534074573532.jpg

img_0.9545822096737571.jpg

img_0.33647209234106706.jpg

img_0.47968553295165195.jpg
Written by @asterkame
By my photos & made by me



0
0
0.000
7 comments
avatar

လှပတဲ့ ချစ်စရာ အရုပ်ကလေးတွေပါခင်ဗျာ

0
0
0.000