How to Make Beautiful Paper Card Step by Step

avatar

ဒီတစ်ခုကိုတော့ကဒ်လေးတစ်ကဒ်ပြုလုပ်ထားပါတယ်။ပြုလုပ်နည်းကိုပုံနှင့်စာတို့ဖြင့်ဖော်ပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ပြုလုပ်ရမည့်အဆင့်များကကတ်ထူတစ်ရွက်ဖြတ်ရမယ်။ပန်းပွင့်လေးတွေ၊သစ်ရွက်လေးတွေဖြတ်ရမှာပါ။ပထမအဆင့်မှာကတ်ထူတစ်ရွက်ကိုလေးထောင့်ပုံစံဖြတ်၍အလယ်မှခေါက်ချိုးထားပါတယ်။ကဒ်ရဲ့ရှေ့ဘက်မျက်နှာမှာပုံပြထားတဲ့အတိုင်းပုံဖော်လိုက်ပါတယ်။ကဒ်ရဲ့အပြင်ဘက်မှာတော့အနီရောင်၊အတွင်းဘက်မှာအဝါရောင်စက္ကူဖြင့်ကော်ကပ်ထားတာပါ။ပန်းပွင့်တွေကိုတော့ပန်းပွင့်သီးသန့်ခေါက်ထားတာမျိုးမဟုတ်ပဲ၊အရွယ်တူအသည်းပုံစံလေးတွေဖြတ်ပြီး၊ပြုလုပ်ထားတာပါ။ဆက်လက်ပြီးကဒ်ရဲ့အတွင်းဘက်ကိုပုံဖော်ပါ့မယ်။

photo 296 152156.jpg

photo 296 152027.jpg

photo 296 152057.jpg

photo 296 151947.jpg

photo 166 21313.jpg

photo 166 2131.jpg

photo 166 21223.jpg

ကဒ်ရဲ့အတွင်းဘက်မှာအစိမ်းရောင်စာရွက်ကိုအသုံးပြု၍သစ်ရွက်ရှည်ရှည်လေးတွေဖြတ်လိုက်ပါတယ်။ပြီးနောက်ပုံပြထားတဲ့အတိုင်းကဒ်ရဲ့အတွင်းဘက်မှာကော်ကပ်ထားလိုက်ပါတယ်။ခုနကဖြတ်ထားတဲ့အသည်းပုံလေးတွေကိုကဒ်ရဲ့အတွင်းနဲ့အပြင်မှာပန်းပွင့်ပုံစံပြုလုပ်၍ကော်ကပ်လိုက်ပါတယ်။အသည်းပုံလေးတွေကိုအပြာရောင်နဲ့ခရမ်းရောင်ဖြတ်ပြီး၊အရောင်နှစ်မျိုးပြုလုပ်ထားပါတယ်။မိမိနှစ်သက်တဲ့စာလုံးများရေးပြီးလက်ဆောင်ပေးလို့ရပါတယ်။

photo 296 151854.jpg

photo 296 152124.jpg

Written by @asterkame
By my photos & made by me



0
0
0.000
0 comments