Beautiful Wall Decor & Photo Frame

avatar

ဒီတစ်ခုကတော့နံရံမှာအလှဆင်လို့ရသလို၊ပုံလေးတွေလည်းကပ်လို့ရတဲ့wall decor & photo frame တစ်ခုပြုလုပ်ထားတာပါ။ပြုလုပ်နည်းကိုပုံ၊စာတို့ဖြင့်အဆင့်ဆင့်ပြထားပြီး၊ဒီတစ်ခုမှာတော့ပန်းပွင့်တွေ၊အရွက်တွေနဲ့အလှဆင်ပုံဖော်ထားတာမျိုးမဟုတ်ပဲ၊ရောင်စုံစက္ကူကိုဌက်မွေးပုံစံလေးတွေပြုလုပ်၍၊ပုံဖော်ထားတာပါ။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်အသုံးပြုပြီး၊ပြုလုပ်ထားပါတယ်။ပထမဆုံးအစိမ်းရောင်နဲ့ပန်းရောင်စာရွက်ကိုဌက်မွေးပုံစံဖြတ်ပြီး၊အနားတွေကိုအပိုင်းလေးတွေညှပ်လိုက်ပါတယ်။ပြီးနောက်စက္ကူအလိပ်လေးတွေပြုလုပ်ပြီး၊ကော်ကပ်၍ဆက်ထားပါတယ်။ဆက်လက်ပြီးဘိုးပွင့်လေးတွေပြုလုပ်ပါတယ်။အဝါရောင်စာရွက်မှာဘိုးပွင့်ပုံလေးတွေဆွဲပြီး၊ဆေးခြယ်၍ဌက်မွေးလေးတွေမှာကော်ကပ်လိုက်ပါတယ်။

photo 1111 175212.jpg

photo 1111 174412.jpg

photo 1111 17501.jpg

photo 1111 174229.jpg

photo 1111 132318.jpg

photo 1111 132252.jpg

ဒီအဆင့်မှာအစိမ်းရောင်နဲ့ပန်းရောင်စာရွက်ကိုသစ်ရွက်ပုံလေးတွေညှပ်ပြီး၊စက္ကူအလိပ်များပြုလုပ်၍ကော်ကပ်ထားလိုက်ပါတယ်။ပြီးနောက်စက်ဝိုင်းပုံကတ်ထူဘောင်တစ်ခုပြုလုပ်ပြီး၊ပန်းရောင်စက္ကူဖြင့်ကော်ကပ်ကာ၊ကျောဘက်ကနေအစိမ်းရောင်စက္ကူဖြင့်ထပ်မံကော်ကပ်ပါတယ်။ပြီးနောက်ရောင်စုံစက်ဝိုင်းပုံလေးတွေဖြတ်ထားလိုက်ပါတယ်။လိုအပ်တာတွေအားလုံးပြုလုပ်ပြီးရင်တော့၊စက်ဝိုင်းပုံကတ်ထူဘောင်မှာဌက်မွေးလေးတွေ၊သစ်ရွက်ပုံလေးတွေနဲ့ရောင်စုံစက္ကူအဝိုင်းပုံစံလေးတွေကိုပုံပြထားတဲ့အတိုင်းကော်ကပ်အလှဆင်လိုက်ပါတယ်။

IMG_20201211_175632.jpg

photo 1111 17534.jpg

photo 1111 17462.jpg

photo 1111 132234.jpg

photo 1111 132338.jpg

Written by @asterkame
By my photos & made by me



0
0
0.000
3 comments
avatar

လှတာအေ
အထောက်အပံ့ကောင်းတဲ့ community တစ်ခု ရှာသင့်

0
0
0.000
avatar

ဟုတ်တယ်နော့...ကျေးဇူးပါ

0
0
0.000