Beautiful Origami Paper Wall Hanging

avatar

ဒီတစ်ခုကတော့နံရံအလှဆင်တစ်ခုဖြစ်ပြီး၊ပုံစံတူပန်းပွင့်သုံးပွင့်နှင့်ဘိုးပွင့်တစ်ပွင့်ဖြင့်ပုံဖော်ထားပါတယ်။ပြုလုပ်နည်းကိုပုံ၊စာတို့ဖြင့်ဖော်ပြထားတာပါ။လိုအပ်တာတွေကကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။

20200528_170048_238281306.png

20200528_170136_1988590169.png

IMG_20200527_110920.jpg

အဆင့်၁မှာပန်းပွင့်သုံးပွင့်ပြုလုပ်ပါတယ်။ပန်းတစ်ပွင့်မှာစက္ကူခေါက်ခုနစ်ခုလိုအပ်ပါတယ်။စက္ကူခေါက်တွေကိုတစ်ခုနှင့်တစ်ခုကော်ကပ်ဆက်ပြီးပြုလုပ်ထားပါတယ်။စက္ကူခေါက်နည်းကိုပုံလေးတွေနှင့်အဆင့်ဆင့်ပြထားပြီး၊စက္ကူခေါက်များတစ်ခုနှင့်တစ်ခုကော်ကပ်ကာ၊ခုနစ်ခုကိုဆက်ပြီးရင်၊စက္ကူခေါက်ကိုတစ်ဘက်သို့လှည့်ပြီး၊စက္ကူအစွန်းလေးတွေကိုအပြင်ထုတ်ကာ၊အနားနှစ်ခုကိုဆက်ပါတယ်။ထို့နောက်ထောင့်စွန်းတွေကိုလည်းပုံပြထားတဲ့အတိုင်းခေါက်လိုက်ပါတယ်။ကတ်ထူကို'ပ'ပုံစံဖြတ်၍ပန်းသုံးပွင့်ကိုကော်ကပ်လိုက်ပါတယ်။ပြီးနောက်ပန်းရောင်စက္ကူနှင့်ကတ်ထူကိုအသုံးပြု၍စက္ကူအပိုင်းနှစ်ခုပြုလုပ်ပြီး၊ပန်းပွင့်ပါတဲ့ကတ်ထူနှင့်ဆက်လိုက်ပါတယ်။ထိုကတ်ထူ
အပိုင်းနှစ်ခုပေါ်ငွေရောင်ကတ်ထူကိုစက်ဝိုင်းပုံများဖြတ်ပြီးကော်ကပ်ထားပါတယ်။

FRAME_COLLAGE1590834156230.png

IMG_20200527_115432.jpg

IMG_20200527_115634.jpg

ဒီအဆင့်မှာအဝါရောင်ဘိုးတစ်ပွင့်ပြုလုပ်ပါတယ်။ပြုလုပ်နည်းကစာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊ပုံပြထားတဲ့အတိုင်းအဆင့်ဆင့်ခေါက်ရမှာပါ။ဘိုးပွင့်ပုံပေါ်လာရင်ဘေးဘက်အနားစွန်းနှစ်ခုကိုအလယ်သို့ခေါက်ပြီး၊ကျန်အနားနှစ်ဘက်ကိုအချွန်ပုံစံဖြတ်လိုက်ပါတယ်။ပြီးနောက်အလှဆင်လိုက်ပါတယ်။

FRAME_COLLAGE1590578271286.png

FRAME_COLLAGE1590578412946.png

FRAME_COLLAGE1590578454652.png

20200528_170858_1800591441.png

20200528_170555_875028227.png

Written by @asterkame
By my photos & made by me



0
0
0.000
2 comments
avatar

လှတယ်ဗျိို့

0
0
0.000
avatar

ကျေးဇူးပါ ဆက်ကြိုးစားနေပါတယ်

0
0
0.000