ဂုဏ် နှင့် ဂုန်

avatar

🎶ဂုဏ် 🎶ဂုဏ် 🎶ဂုဏ်
🎶ဂုဏ်ဆိုတာ 🎵ငွေ ကို ခေါ်တယ်
🎵ငွေကိုလေ 🎶ရေလို သုံးရင်
🎵တပြည်လုံးမှာ လုပ်သမျှ တင့်တယ်🎶

ဟုတ်ပေသဗျ ၊ လောကကြီးက ဂုဏ် ရှိမှ၊ ငွေ ရှိမှ
တင့်တယ်သဗျ။
ရွှေရှိမှ အမျိုးတော် ဆိုသာမျိုးပါ့။
သာမန်လူတန်းစားတွေ ကြားမှာတော့ ငွေ ဟာ
မျက်နှာကြီးတဲ့ ဒုတိယဘုရားသခင် ပါပဲ။
ဂုဏ်မရှိ ငွေမရှိရင် မျက်နှာငယ်ရ မဟုတ်လား။
ဝေးဝေး မကြည့်နဲ့ဗျာ၊ HIVE မှာတောင်မှ HP
သိန်းချီ ရှိမှ လူရာဝင် ဂုဏ်တင့်တယ် မဟုတ်လား။

အဲ ဒါတွေ ပြောနေလို့ ခံစားချက်တွေ ရင်ပွင့်လာတယ်
မထင်ကြနဲ့ဦးဗျာ။
ဒီနေ့မနက် ပို့စ် တင်ဖို့ ရှာကြံတော့ တလောတုန်းက
ရိုက်ယူထားခဲ့တဲ့ ဂုန်နွယ်ပင် ပန်းပွင့်နေပုံ ကို မြင်ရတော့
ဒီနေ့ ဒါလေးပဲ တင်မဟဲ့လို့ စိတ်ကူးရလို့ပါပဲ။

img_0.6094045168557901.jpg

ဟဲ့ ဒါနဲ့ ဂုန်ပင် ပန်းပွင့်တာနှင့် ဂုဏ် ငွေ ရှိမှ နဲ့
ဘာဆိုင်လို့တုန်း၊ ဘာမဆိုင် ညာမဆိုင်
မင်းသား ဖဲရှုံးတာနဲ့ ငါ့တဲ မီးရှို့ရတယ် လို့ ဆိုသလို
မပြောကြနဲ့ဦးဗျာ။
ဆိုင် ဆိုင် မဆိုင်ဆိုင် ပေါ့။ ပို့စ် တင်ချင်တော့ အကြံအဖန်
ထုရတာပေါ့၊ ဟုတ်ဘူးလား။ ဂုန်ပင် မြင်တော့ ဂုဏ်
သီချင်း ဆိုမိတာလည်း တိုက်ဆိုင်တာပဲ၊ မတတ်နိုင်ဘူးဗျာ။
ဆိုမှာပဲ.....

🎶ဂုဏ် 🎶ဂုဏ် 🎶ဂုဏ်
🎶ဂုဏ်ဆိုတာ 🎵ငွေ ကို ခေါ်တယ်
🎵ငွေကိုလေ 🎶ရေလို သုံးရင်
🎵တပြည်လုံးမှာ လုပ်သမျှ တင့်တယ်🎶

မိတ်ဆွေများ ပြုံးပျော်နိုင်ကြပါစေ။

@golden.future



0
0
0.000
6 comments
avatar

ဟုတ်ပါ့ ဟုတ်ပါ့ Hive ၁၀၀၀၀၀ ရှိမှ တင့်တယ်မယ်

0
0
0.000
avatar

Hive ၁၀၀၀၀၀ ပြည့်ရေး တို့အရေး ဝေးဟေးဟေး

0
0
0.000
avatar

ငွေဆိုတာ ဒုတိယဘုရားသခင်တဲ့
ငွေရှိရင် ဘာလုပ်လုပ်တင့်တယ်နေရော...😁

0
0
0.000
avatar

ဒါကြောင့် ရှာ စု ပွား စု ပွား

0
0
0.000
avatar

ယောက္ခမကြီးက စေတနာပိုမယ် ကိုယ့်မယားလေးက

0
0
0.000
avatar

စေတနာ ချိုတယ် ငွေ
ငွေ ရအောင် ရှာမယ်

0
0
0.000