Today and Adapt Food

avatar

မျှစ်ချဉ်နှင့် ငါးခေါင်းဟင်းရည်

Hello , all steemit member.

ဒီနေ့ရာသီဥတု ကတော့ အလွန်သာယာနေပါသည်
တစ်နေကုန် မိုးမရွာ ဘဲမိုလေးကအုံ့ဆိုင်း လေလေးတဖြုးဖြုး နှင့် ဆိုတော့

ဒီရာသီနှင့် လိုက်ဖက်တဲ့စားစရာ ဘာစားရပါ့ ဟုတွေးနေတုန်း

မိတ်ဆွေတစ်ယောက်မှ နေပြည်တော်မှ ပြန်လာသည့်အတွက် လက်ဆောင် ဟုဆိုကာ မျှစ်ချဉ်ဘူး လာပေးသည့်အတွက်

ငါးခေါင်းလေးကို မျစ်ချဉ်နှင့် ချဉ်ချဉ်စပ်စပ် ပူပူလေး ချက်စား ဖြစ်ပါတော့သည်

မျှစ်ချဉ်ကို ပါးပါးလေးလှီး
ငါးခေါင်းကို ရေဆေး ဆားနှင့်နယ် ငံပြာရည်လေးနှင့် တစ်ပွက်ဆူ ပြုပ်

ထို့နောက် ဂျင်း ကြက်သွန်ဖြူ ကြက်သွန်နီ ဆီသတ် မျှင်ငပ်လေး ထည့်

မျှစ်ချဉ်ထည့်မွှေ ရေစပ်စပ်ထည့် ရေခမ်းအောင်တည်

မျစ်ချဉ်နူးပါက ငါးခေါင်းထည့် ခရမ်းချဉ်သီး ပဲပြားလှီးထည့် ငါးဆုပ်လုံးထည့် ငဲုးဥထည့်

ရေလိုသလောက် ထည့် ဆူအောင်တည်

ရေဆူလာပါက ငရုတ်သီးစိမ်းးတောင့် နံနံပင် ထည့် အပေါ့အငံမြည်း

7k00af1wv8.png

ထမင်းနှင့်စားစား

ဒီတိုင်းစားစား

မိုးလေးကအုံ့ နေချိန်တွင် ပူပူငံငံစပ်စပ် နှင့် အရသာ ရှိလိုက်ဖက်လှသည့် ငါးခေါင်းမျှစ်ချဉ် ဟင်းတစ်ခွက် ဖြစ်ပါသည်

@mamamyanmar



0
0
0.000
6 comments
avatar

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

0
0
0.000
avatar

အင်း ကျနော် အကြိုက်တော့ အာ့မှာ တွေ့ပြီ ပုံကိုပဲ ပြေးကိုက် ပလိုက်တော့မယ် ထင်ပ

Posted using Partiko Android

0
0
0.000
avatar

အယ် အဲ့လိုတော့ လုပ် နက် လေ ဟယ်

0
0
0.000