ထိခိုက်နာကျင်မှုရဲ့အဆုံးသတ်က ရင့်ကျက်ခြင်းပါပဲ

avatar

img_0.08598137311625922.jpg

အကြောင်းအရာအမျိုးမျိုးသို့ကြောင့် စိတ်မှာ ထိခိုက်ခံစားရတယ်။

မခံစားနိုင်လောက်အောင် ထိခိုက်နာကျင်ခဲ့ရတယ်။

တကယ်တော့ မိမိရဲ့ဘဝမှာ ထိခိုက်နာကျင်ခဲ့သမျှ အရာအားလုံးဟာ မိမိရဲ့စိတ်ကို ရင့်ကျက်လာအောင် သင်ကြားပေးခဲ့တာဖြစ်ပါတယ်။

နာကျင်မှုဆိုတဲ့ ခံစားရသမျှ အကြောင်းအရာတိုင်းဟာ အခံရအလွန်ခက်ပေမယ့် မိမိဘဝအတွက်အတွေ့အကြုံသင်ခန်းစာတွေအဖြင့် တိုးတက်လာတာပါပဲ။

သင်ခန်းစာဆိုတာကလည်း ယူတက်ရင် ယူတက်သလို မိမိဘဝအတွက် ရှေ့ဆက်ပြီး ရှင်သန်မှုဘဝအတွက် အတွေ့အကြုံကောင်းတစ်ခုပါ။

ရင့်ကျက်ခြင်းတွေ ဖြစ်လာတယ်ပေါ့ဗျာ။

ထိခိုက်နာကျင်စရာ အကြောင်းအရာတွေများလာသောအခါ သေးသေးမွှားမွှား အကြောင်းအာတွေလောက်ကတော့ တုန်လှုပ်မသွားတော့ဘူးပေါ့ဗျာ။

အဲ့ဒီလို တုန်လှုပ်မှုမရှိတော့တာကို ရင့်ကျက်သွားတယ်လို့ သတ်မှတ်လို့ရနိုင်ပါတယ်။

နောက်ထက် အသေးအမွှား ထိခိုက်နာကျင်စရာများနဲ့ကြုံလာရင် ခံနိုင်ရည်ရှိသွားတယ်ပေါ့ဗျာ။

အဲ့ဒါကြောင့် နာကျင်စရာကိစ္စများနဲ့ ကြုံဆုံလာရပြီဆိုရင် မကြောက်ရွံ့ပါနဲ့။

နာကျင်မှုရဲ့ ခံစားချက်က အလွန်ခံရခက်ပါသော်လည်း ဘဝရဲ့သင်ခန်းစာအဖြစ် နောင်တစ်ချိန်အတွက် ရင့်ကျက်စရာအဖြစ်သို့ ပြောင်းလဲပေးနိုင်ပါတာ်လို့ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ။

author:@thurawinkyaw
photo images: unsplash.com



0
0
0.000
3 comments
avatar

ရင့်ကျက်အောင်လေ့ကျင့်နေပါတယ်ဗျာ

0
0
0.000
avatar

ရင့်ကျက်အောင်သင်ကြာထားရင်
ဘဝဆိုတာ ရင်ဆိုင်ဖို့ မခက်ခဲပါဘူး

0
0
0.000