ကိုယ့်ကိုကိုယ်ချစ်တက်ကြပါစေ

avatar

img_0.7972131612961139.jpg
ဒီချိန်မှာ ဘယ်သူ့ကိုအချစ်ဆုံးလည်းလို့မေးလာခဲ့ရင် ဘယ်လိုဖြေကြမလဲ။
အမှန်တိုင်း မလိမ်ညာပဲ ဖြေကြည့်လိုက်ပါ။
ငါ့ကိုယ်ငါ အချစ်ဆုံးဟု ဖြေလိုက်ရင် မဟုတ်ဘူးလို့ ဘယ်သူကမှ ငြင်းချက်မထုတ်နိုင်ပါဘူး။
ငါ့ကိုယ်ငါချစ်တယ်။
ထိုအတွက်ကြောင့် ငါ့ကိုယ်ငါ အထူးဂရုစိုက်ရမယ်။
ယခုလိုအခြေအနေမျိုးမှာ ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်နိုင်ကြတဲ့သူတွေ အများကြီးရှိကြတယ်။
ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်ပါလျက် ဂရုမစိုက်ကြသူတွေလည်း အများကြီးကို တွေ့မြင်နေရတယ်။
ငြိတာနဲ့ ထိမှာပဲဆိုတဲ့စိတ်ကို သတိအနေဖြင့် မမေ့ဖို့က အလွန်အရေးကြီးတယ်။
အဲ့တော့ ကိုယ့်ကိုကိုယ်ချစ်ပါ။
ကိုယ့်ကိုကိုယ် အထူးဂရုစိုက်ပါ။
ကိုယ့်ကိုကိုယ်ချစ်ရင်း ကိုယ့်ကိုကိုယ်ဂရုစိုက်လိုက်တာလေးတစ်ခုက ကမ္ဘာကြီးကို ကယ်တင်ရာရောက်ပါတယ်ခင်ဗျာ။
author:@thurawinkyaw
photo images:unsplash.com



0
0
0.000
2 comments
avatar

ကိုယ့်ကိုကိုယ် ချစ်တက်မှ သူတပါးကိုချစ်တက်လာမှာပါဗျာ

0
0
0.000