ရောင်နီလာမည့်အချိန်

avatar

morning_2243465_640.jpg
link

မနက်ခင်းတစ်ခုကို စောင့်နေတယ် မနက်ဖန်ဆိုရင် အလုပ်ကို ခပ်စောစောလေးသွားရမယ် အလုပ်က နောက်ကျလို့မရပါဘူး အချိန်အတိအကျနဲ့ လုပ်ငန်းခွင်ကို ဝင်ရမယ် အလုပ်နောက်ကျလို့ အလုပ်ရှင်က အလုပ်မခိုင်းတော့ရင် အလုပ်မရှိဖြစ်လေမည်
အလုပ်မရှိလို့ကတော့ တိုင်ပါတ်လေမည် ရွာလည်လေမည် မျက်စိသူငယ် နားသူငယ်နဲ့ လည်တယ် ပူတယ် အဖြစ်မျိုး ကြုံရနိုင်သည် ဒီအလုပ်အဆင်မပြေ နောက်အလုပ်ပြောင်းလုပ်ပေါ့ ဘာခက်တာမှတ်လို့ အချို့ မိတ်ဆွေများက မေးငေါ့လို့ ခနဲ့ တဲ့တဲ့ ဆိုလက်တက်သေးသည် သူပြောသလို ခပ်မာမာလေး နေနိုင်သူဆိုရင်တော့ အကောင်းသား
ကိုယ့်မှာက ဒီအလုပ်ကလွဲ ကျန်တာလည်း ဟုတ်တိပါတ်တိ လုပ်တက်သည်ကမဟုတ် ဒီအလုပ်လေးရှိနေလို့သာ အဆင်ပြေနေလေသည်
မနက်လင်းလာမှာကိုလည်း စိတ်က စောနေလို့လားမသိ အချိန်တွေက ကြာလွန်းနေပြန်သည် မိုးက မလင်းနိုင်သေး မနေ့ညက ခပ်စောစောလေး အိပ်ထားလို့ အိပ်ရေးက ဝလို့နေလေပြီ ထပ်လို့လည်း မအိပ်ချင်တော့ ဆေးလိပ်တိုလေးကို မီးညှိဖွာရှိုက်ရင်း အတွေးလွန်နေမိသည် တကယ်လို့များ မနက်ခင်းရောင်နီလာချိန်ကို မသိ မမှီလိုက်ဘဲ ရုတ်တရက် အသက်ရှူများရပ်သွားရင် အတော် စိတ်မကောင်းဖြစ်နေမိမည်အမှန်
ရောင်နီလာမည့် အချိန်ကို စောင့်နေဆဲ ကျန်းမာရေးကတော့ ကောင်းသည် ချောင်းဆိုးဖျားနာ ဘာမှမရှိ သို့သော် ရုတ် တရက် သေသွားနို်ငသည်ဆိုသည့် ခပ်ကြောင်ကြောင်အတွေးက ဝင်လာပြန်တော့လည်း တွေးမိသေးသည်
သေမှာတော့ ကြောက်တက်သားဘဲ အလုပ်ပြုတ်သွားမှာထက် သေမှာကို ပိုကြောက်နေတာအမှန်
အစောပိုင်းက အတွေးများ တစ်ပါတ်လည်လာသည် အလုပ်ပြုတ်သွားမှာကို သိပ်ကြောက်တဲ့ စိတ်က သေမှာကြောက်တဲ့ စိတ်လောက် စွမ်းအားမကြီးလှပါဘူး အခုငါ အသက်ရှင်နေသေးတယ် မသေသေးပါ အလုပ်အတွက် တွေးပူတာထက် အသက်မသေတာကို ကျေးဇူး တင်တဲ့စိတ်က ပေါ်လာပြန်သည်
ရောင်နီသည် အရှေ့ အရပ်ကနေ တဖြည်းဖြည်းချင်း တိုးလို့ တိုးလို့ လာနေပြီ
ဒီနေ့အဖို့တော့ ငါမသေနို်သေးပါ ရောင်နီကို မြင်တွေ့ခွင့်ရနေပြီလေ
မနက်အလင်းရောင်နီကို ငါသည် တွေ့မြင်ရသည် ငါ့လို မနက်အလင်းရောင်ကို တွေ့မြင်ခွင့်မရသူတွေလည်း ရှိလေမည် ထိုသူတို့သည် အလုပ်အကိုင် မရှိ ဝင်ငွေမရှိဖြစ်မှာကို အနည်းငယ်မျှ စိုးရိမ်စိတ် မရှိသူများ ဖြစ်ကြလေမည် အသက်ရှင်သန်ခြင်းကိုသာ အလိုလားဆုံးသူများဖြစ်လေမည်



0
0
0.000
0 comments