ဝင်းဒိုးတင်လိုက်ချလိုက်

avatar

home_office_336377_640.jpg
link

အချိန်က ည နှစ်နာရီ ထိုးလုပါပြီ မအိပ်နိုင်သေးပါ ယနေ့အတွက် ပို့စ် မတင်ရသေး ဒီညတော့ မတင်ရရင် မအိပ်ဘူးရယ်လို့ စိတ်ဝယ် မှတ်ယူထားတာဖြစ်လို့ ပို့စ်တစ်ပုဒ်ကို ကျဗျာ ကရာ ထရေးလိုက်ရပါတယ် မရေးလို့ကလည်း မဖြစ်ချေ ယနေ့အတွက် ဝင်ငွေက ဘာမှ မရရှိသေး နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ဒီနေ့တစ်ရက်တာအတွက်တော့ အလဟသ အဖြစ်မခံနိုင်ပါ ဒီအတွက် ခုလို ညနက်သန်းခေါင်ကျော် ညကြီးမင်းကြီး စာထရေးရပါလေသည်
ခုချိန်မှ စာရေးရသည်က အခြားမဟုတ် ညနေလောက်ကတည်းက ဝင်းဒိုးက အဆင်မပြေဖြစ်နေခဲ့သည် ယခင်က ဝင်းဒိုး ဆဲဗင်း သုံးသည် သူနဲ့က အတော်ကို အသားတကျ ရှိနေတော့ ဝင်းဒိုးအသစ် မသုံးဖြစ် အဆင်မပြေဖြစ်ချင်တော့ ဝင်းဒိုး ဆဲဗင်းက ယနေ ဗွေဖေါက်ပါလေရော အပြာရောင် စာတန်းတွေ တက်လာပြီး ပြုတ်ကျပါလေသည် ဒါနဲ့ ဝင်းဒိုး ပြန်တင်ရသည် တင်ပြီးလို့ လိုအပ်သည်များ ဒေါင်းလော့ ဆွဲထည့် သုံးမယ်လုပ်ကာမှ တစ်ခါ အယ်ရာတက်ပြီး ပြန်ပြုတ်ကျပြန်သည်
ခက်တော့နေပြီလေ မဖြစ်ချေဘူးဆိုပြီး ဖေ့ဘုတ်ပေါ်တက်မွှေရပါလေသည်
ဝင်းဒိုး ဆဲဗင်းက ဒိတ်အောက်နေတာ စပေါ့ မပေးတော့ဟု ဆိုကြလေသည် ဝင်းဒိုး တစ်ဆယ် သုံးရမည်ဆိုတော့ တစ်ခါ ဒေါင်းလော့ ဆွဲရပြန်သည် ထည့်ရပြန်သည် တင်ရပြန်သည် အဆင်ကမပြေနိုင်သေး
ဝင်းဒိုး တစ်ဆယ်ကို စက်က မနိုင်ဖြစ်နေသည် လေးချက်က ဘာမှကို ဖွင့်မရ အချိန်အတော်ကြာစောင့်ရသည် မဖြစ်ချေတော့
အဆင်ပြေအောင် ထပ် မွှေရပြန်သည်
ပရိုဗားရှင်း နဲ့က မရ စက်က အနိမ့်ဖြစ်နေတော့ မနိုင် နောက်ဆုံး
လိုက် ဗားရှင်းလေးနဲ့ အိုကေသွားသည်
တင်လိုက် ချလိုက် ဒေါင်းလိုက်နဲ့ ဖုန်းကော စက်ကော လူကော မနားရအောင် အလုပ်များနေခဲ့တော့သည်
အခုတော့ အဆင်ပြြေပီထင်ပါသည် နောက်ရက်တွေအဝွက်တော့ မပြောတက်သေး ရလျှင် ရ ချင်း စာထရေးရပါလေသည်
ယနေ့တော့ ဝင်းဒိုးနဲ့ နဗမ်းလုံးရတာနဲ့တင် ဘာမှ မလုပ်လိုက်ရ အချိန်တွေကုန်လေသည် အတင်အချနဲ့တင် အလုပ်တွေ များခဲ့ရပါသည်



0
0
0.000
1 comments