တစ်နေ့တော့အားလုံးကောင်းသွားမယ်

avatar

hope_1804595_640.jpg

score
ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ နေ့ရက်တွေကို ကျော်ဖြတ်ရင်း အချိန်တွေကို ရေတွက်နေရတယ် မိုးကတဖွဲဖွဲ နေ့စဉ်ရက်ဆက် ရွာနေလိုက်တာများ ဘယ်သူတွေအကြိုက်များဖြစ်နေတယ်မသိ ကောင်းလိုက်တဲ့မိုး တအိအိနဲ့ မတိတ်နိုင်တော့ဘူး မိုးကအေး အပြင်ကသွားမရ ဒါလည်းကောင်းပါတယ် ကာကွယ်တားဆီးပြီးသားဖြစ်တာပေါ့ တော်တန်ရုံလည်း အပြင်မထွက်ဖြစ်တော့သလို အလိုက်ကန်းဆိုးမသိတဲ့ အိမ်လည်တက်သူတွေလည်း မလာတော့ဘူး ဘယ့်နှယ် အခုလို ကာလ အိမ်တကာလှည့် ပေါက်ကရလေးဆယ်တွေပြောအချိန်ဖြုန်းတက်တဲ့ သူတွေနဲ့တော့ ခက်ပါဘိ
ကိုယ်တိုင်တောင် မလိုအပ်ရင် အပြင်မသွားဘူး အိမ်မှာဘဲ အဆင်ပြေသလိုကြိတ်မှိတ်နေတယ် ဒါကိုဘဲ အကြောင်းမရှိအကြောင်းရှာ ခေါင်းစဉ်ရှာမရ အပျင်းပြေ အိမ်လည်တဲ့သူတွေကြောင့် အာရုံစားရပါတယ်
အခုလို ခက်ခဲ ကြပ်တည်းချိန် ရင်ဖွင့်စရာ စိတ်ဖြေဖျောက်စရာ မိတ်ဆွေတွေ အပေါင်းအသင်းတွေနဲ့တွေ့ဆုံဖို့ လိုအပ်သည်မှာ မှန်သော်လည်း တစ်ယောက်ကြောင့်အများ ရောဂါကူးပျံ့ နှံ့လွယ်နေချိန် ဆင်ခြင်သင့်တယ်ထင်တာဘဲ
ရောဂါကလည်း အလွန် တိုင်ပါတ်တဲ့ကောင် တကယ်ကို အဆင်ပြေမနေဘူး ဘာမဟုတ်တာလေးကနေ ကူးတာ ဘယ်လိုကူးလိုက်မှန်းကိုမသိဘဲကူးတာ
ရောဂါဖြစ်လို့ ပျောက်ကင်းသူအတွက်တော့ အောင်နိုင်သူကြီးလို ပြုံနိုင်သော်လည်း မတော်တဆ ဆုန်းပါးသွားသူတွေအတွက်တော့ တကယ်မတန်ပါဘူး
သေနိုင်တယ်ဆိုတာသိသော်လည်း မဖြစ်သေးတော့ ပေါ့ပေါ့တန်တန် သဘောထားနိုင်ကြတယ် ကိုယ်တွေကတော့ သေတနေ့ မွေးတနေ့လို့ သဘောမထားနိုင်သေးဘူး ဒီကာလထဲ ရောယောင်ပါမသွားချင်သေးဘူး လုပ်စရာတွေက အများကြီးကျန်သေးတယ် တာဝန်တွေက ကျန်သေးတယ် ဒီတိုင်းထွက်သွားလို့မရသေးဘူး ပွင့်ပွင်လင်းလင်းပြောရရင် သေလို့ မဖြစ်သေးဘူး
ဘီတီစီစေ◌ျး ငါးသိန်းဈေးတန်းကို ဖြတ်ကျော်သွားတာ မမှီလိုက်မှာကိုတော့ စိတ်ပူမိတဲ့အထဲ ရှေ့ဆုံးကပါတယ်
ငါးသိန်းဈေးတန်းကို ဖြတ်သွားရင် ဘာတွေ ဖြစ်ကုန်မယ်ဆိုတာ သိချင်မိသေးတယ် အပြောင်းအလဲတွေ အများကြီးဖြစ်လာမယ်လို့ထင်တယ် ဘီတီစီနဲ့ ပါတ်သက်ပြီး ရိုက်ခက်မှုတွေ မထင်မှတ်လောက်အောင်ဖြစ်လာနိုင်တယ် ဘီတီစီ စစ်မက်ရေးရာတွေဘာတွေတောင် ဖြစ်လာနိင်သေးတယ်
မကြာခင်ဖြတ်သွားနိုင်တဲ့ အခြေအနေလည်းရှိနေတယ်လို့ ဆိုကြတော့ မနက်ဖန်လည်းဖြစ်သွားနိုင်တာဘဲ
ဘီတီစီကြီး ငါးသိန်းဖြတ်သွားရင် ဟိုက်တို့ စတင်းတို့က ဘယ်ဆီသောင်ကမ်း ကပ်မယ်လည်း သိချင်မိသေးတယ် အချိုးကျနဲ့ လှမ်းတွက်ရင်တောင်ဈေးက မနည်းလောက်တော့ဘူး အဲ့အခါဆိုရင်ပေါ့ ငါးဒေါ်လာလောက်တော့ အသာလေးရောက်နိုင်တာပေါ့ ဒါကအနိမ့်ဆုံး
စိတ်ကူးတော့ ယဉ်လို့ကောင်းသား မိုးကအေးအေးနဲ့ လေထဲတိုက်အိမ်ဆောက်နေတာ အတော်တောင် မြင့်သွားပြီ ကော်ဖီလေးသောက်ပြီး နောက်ထပ် တစ်လုံးထပ်ဆောက်ကြည့်လိုက်ပါဉီးမယ် အချိန်တွေက အားနေတော့ ဒါဘဲ လုပ်စရာရှိတယ်



0
0
0.000
1 comments