ထူးမခြားနားနေ့ရက်များ

avatar

moon_3293238_640.jpg
link

တစ်ရက်ပြီးတစ်ရက် ရှင်သန်နေရတာလည်း တဖြည်းဖြည်းနဲ့ အကျိုးကျေးဇူး ထူးထူးခြားခြား မရရှိနိုင်လောက်အောင် လုပ်စရာကိုင်စရာက မဲ့လာသလိုပါဘဲ ကိုယ်ရဲ့နယ်ပယ်က ကျဉ်းလာတယ်လို့ ခံစားရတယ် နောက်ဆို ပိုဆိုးလာနိုင်တယ် ဒီအချိန်မှာ တစ်ခုခုကို အစထုတ်မထားနိုင်ရင် နောက်ပိုင်း လုံးခြာလိုက်ပြီး တိုင်ပါတ်နိုင်တယ် သတိကြီးကြီးထားပြီး အရာရာကို သံသယတွေနဲ့ ရှုမြင်နေရတာ တကယ့်ကို အသက်ရှူ ကြပ်စေပါတယ် ဟန်ဆောင်ဖုံးကွယ်တယ်ဆိုတာလည်း အချိန်ကာလတိုတစ်ခုသာ အဆင်ပြေစေနိုင်တယ်လေ
အသစ်အသစ်တွေက နေရာယူလာမှာသာဖြစ်တယ် အဟောင်းတွေက နေရာဖယ်ပေးရတယ် နေရာတစ်ခု တည်မြဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ပြောင်းလဲလာတဲ့ အခြေအနေအလိုက် သင့်သလိုလေး လိုက်ပါပြောင်းလဲနိုင်မှ ရှင်သန် ကျန်ရစ်နိုင်မှာပါ
ဘာတွေပြောင်းရတော့မလဲ အားလုံးပြောင်းရနိုင်ပါတယ် အတွေးအမြင်တွေနဲ့ လုပ်ဆောင်ချက်တွေလည်း ပြောင်းရတော့မယ် အရင်အတိုင်း ရေလိုက်ငါးလိုက် စီးမျောနေလို့ မရတော့ဘူး
စိုးရိမ်စိတ်ပူနေရုံနဲ့ ပြေလည်သွားမဲ့သဘောမရှိနိုင်ဘူး အနာဂါတ်ကို တင်ကြိုတွေးပူနေတာလည်း အလုပ်မဖြစ်ဘူး လက်ရှိမှာ အကြပ်အတည်းကို ရင်ဆိုင်နိုင်ဖို့ ခက်ခဲနေတာက အနာဂါတ်မှာ ပိုလို့ ဆိုးလာနိုင်တဲ့ အခြေအနေကို ညျှန်ပြနေတာဘဲ
အ ချိန်တန်ရင် ပြေလည်သွားမှာပါဆိုတာက အဖြေကောင်းမဟုတ်ဘူး ဆင်ချေသာဖြစ်တယ် ရိုက်ခက်မှု နှစ်ခုနဲ့ ကြုံခဲ့ရပြီးပြီ အဲ့ဒီရိုက်ခက်မှုအရှိန်က မသေသေးဘူး နော်ကထပ် ရိုက်ခက်မှုအသစ်တွေကို ဘယ်လိုရင်ဆိုင်မှာလဲ ဒီအတိုင်းဆက်သွားလို့တော့ မရတော့ဘူးဆိုတာကိုတော့ သိနေပြီ
ဘာဆက်လုပ်ရမည်လဲ အမြဲ မေးမိတဲ့ မေးခွန်း အဖြေက မရေရာဘူး
ဒီအတိုင်း ဆက်သွားလို့ မရတာကို သိနေပြီဖြစ်လို့ တစ်ခုခုတော့ စတင်မှရတော့မယ်ဆိုတာကို အကြမ်းအားဖြင့် သဘောပေါက်လာပြီ
ရှာဖွေရမယ် လုပ်ဆောင်ရမယ် အမြန်ဆုံး ဖြည့်တင်းရမယ်
ပြင်ဆင်ရတော့မယ်



0
0
0.000
1 comments