စာပြန်ရေးမယ်စိတ်ကူးတယ်

avatar

bnuey1wesz.jpg
အခုတလော စိတ်တွေလေနေတယ် အလုပ်ကလည်း မည်မည်ရရ မရှိလေတော့ တစ်ခုခုကို အာရုံစိုက်မှ ဖြစ်လေမယ်လို့ သတိလေး ကပ်လာရပါတယ် ဒီတော့လည်း နေရာဟောင်းသို့ တစ်ခါ လာကြည့်မိတယ်ပေါ့
စာမရေးဖြစ်တာက အချိန်အတော်လေး ကြာသွားတော့ ဘယ်အစ စွဲရမယ် မသိအောင်ကိုဘဲ ယောင်နန ဖြစ်နေပြန်ရော
အဲ့သလိုနဲ့ဘဲ ဟိုစပ်စပ် ဒီစပ်စပ်လေး ကလိရပြန်ပါတယ်
အနေအထားကတော့ စလုံးရေစကနေ ပြန်ကောက်ရမယ့်သဘောဘဲ
လမ်းခွဲတစ်နေရာမှာ တစ်ခုခုတော့ ရွေးချယ်ခဲ့တာဘဲ မှားတယ် မှန်တယ်လို့တော့ အသေအချာ ပြောမရပါဘူး ဘယ်လမ်းကို လိုက်ခဲ့သည်ဖြစ်စေ အားသာချက် အားနည်းချက် အကျိုး အပြစ်က ဒွန်တွဲလျှက်သာပါ
မျှော်လင့်ချက်ဆိုတာက အမြဲမီးစာကျွေး ဆီဖြည့်ပေးရတဲ့ သဘောသဘာ၀လိုဘဲ မပြတ်အားဖြည့်ပေးနေမှ တော်ကာကျတယ် သွေးအေးသွားတဲ့အခါ မျှော်လင့်ချက်က အားအင်ချီနဲ့ပြီး အကြောသေသွားတက်သလိုပေါ့ မျှော်လင့်ချက်လေး မသေဆုံးခင် အသက်ဆက်ဖို့ လိုအပ်နေခဲ့ပါပြီ
အရာမထင် သဲထဲရေသွန် ဖြစ်သွားမှာကိုတော့ အလွန်စိတ်ပူမိတယ်လေ သေချာတဲ့အရာ ဘယ်မှာလဲလို့ မေးခွန်းထုတ်ခဲ့မယ်ဆိုရင်တော့ ခပ်ရဲ့ရဲ့လေးတော့ ပြုံးမိလိမ့်မယ် ထင်ပါတယ်
ဟုတ်ပါတယ် အရာရာမှာ ရာနှုန်းပြည့်သေချာမှုတော့မရှိနိုင်ပါဘူး ခရီးရှည်တစ်ခုလိုပေါ့
ခရီးအဆုံးထိ ရောက်မယ် မရောက်ဘူးဆိုတာက ရာနှုန်းအားဖြင့် ငါးဆယ် ငါးဆယ်ပါ ဒါကိုလက်ခံနိုင်ရမယ် ရောက်ရမယ်ဆိုတဲ့ ယုံကြည်မှုနဲ့မျှော်လင့်ချက်ကတော့ကိုယ်နဲ့မကွာ ဆောင်ထားရမှာပါ
တစ်ခုတွေးမိတာပေါ့ တကယ်လို့များ မရောက်ခဲ့သည် ရှိလေသော်.........
ပလန်ဘီကို မဖြစ်မနေ ထည့်တွက်ထားရပါဦးမယ်...........
အခြေအနေနဲ့ အစီအစဉ်ကတော့ ခေါင်းစဉ်တွေ ကွဲပြားနိုင်ပါတယ်........
သိပ်ခက်ခက်ခဲခဲ တွေးမနေပါဘူး ဖြစ်နိုင်ချေ ဖြစ်တန်စွမ်းကို အခြေခံပီး တွက်ဆတာက
ခရီးအဆုံးထိ မရောက်ခဲ့လည်း ကိုယ်က ဘယ် ခရီးမိုင် အရှည်တော့ အရောက်သွားနိုင်ခဲ့တယ်ဆိုတဲ့
လုပ်နိုင်စွမ်း ခရီးပန်းတိုင်ငယ်လေးတွေတော့ စိုက်ထူးထားခဲ့ နိုင်ရမယ်လို့ထင်တယ်
ဘယ်လိုလဲ ....... ကိုယ်ရောက်တဲ့ အမြင့်ဆုံးနေရာဟာ ကိုယ့်အတွက် အကြီးမားဆုံးအောင်မြင်မှုနေရာပေါ့ ရောက်တဲ့အမြင့်ဆုံးနေရာမှာ သေချာတဲ့ အရာထင်တဲ့ အမှတ်တရ အောင်မြင်မှု မှတ်တိုင်ငယ်လေး စိုက်ထူဖြစ်အောင် လုပ်ဆောင်မယ်လေ
တကယ်လို့.............ဆိုတာဖြစ်လာခဲ့ရင် အားလုံးမသေချာ မရေရာမ ဖြစ်တန်စွမ်းရာပေါ့
ယခင် စတီးမစ်က အနီးဆုံးနဲ့ အနာကျင်ဆုံး သင်ခန်းစာပါဘဲ
ရင်ဘက်ထဲအများကြီးထည့်ရင် အများကြီးမျှော်လင့်ရင် အများ ကြီးနာကျင်ရတာပါဘဲ



0
0
0.000
1 comments