ဆယ်ပြားဘဝပြန်ရောက်နိုင်လား

avatar

christmas_2411764_640.jpg
link

အကျကြမ်းတဲ့ ဈေးအခြေနေကတော့ ရဲဘလောင်းခက်နေတာပါဘဲ အတက်လေးနဲနဲပြလိုက် အကျများများဆင်းလိုက် ရှေ့တစ်လှမ်းတက်လိုက် နောက်ငါးလှမ်းလောက်ဆုပ်လိုက်နဲ့ တဖြည်းဖြည်း အနိမ့်ဘက်ကို ရောက်လို့လာခဲ့ပါပြီ မကြာခင် မူလ နေရာဟောင်းကို ပြန်အခြေချတော့မယ်လားလို့ စောင့်ကြည့်နေရပါတယ် အဆိုးဆုံး အခြေအနေကို နောက်တစ်ခေါက်ပြန်ရောက်သွားနိုင်တဲ့အတွက် စိုးရိမ်စိတ်တွေများစွာနဲ့ ရှိတာတွေ အလျှင်အမြန်ထုတ်ရောင်းနေကြပါတယ် ရောင်းတဲ့သူများလေ ကျသည်ထက် ကျလေဆိုတော့ တစ်ရက်ပြီးတစ်ရက် အကျဘက်ကို ဆက်တိုက်သွားနေတာ နေ့စဉ်ရက်ဆက်ဆိုသလို ရှိလာခဲ့ပါတယ်
ကျန်တာတွေ ကျချင်ကျ ကိုယ်တွေရဲ့စာရေးတာလေးကိုတော့ မကျစေချင်ပါဘူး စာလေးရေးပြီး ကြက်ကောက် ငှက်ကောက် ကောက်ထားတာလေး တကယ်ဆို အချိန်တွေအများကြီးပေးပြီး နည်းနည်းချင်းစုလာရတာလေးတွေပါ ဒါတွေက ခုချိန်မှာ တန်ဖိုး နည်းသထက်နည်းလာတော့ နေ့စဉ် စိတ်ဆင်းရဲခြင်းများစွာနဲ့ ဆုတောင်းနေရတယ် ဈေးကျတာလေး ရပ်ပါတော့ဟုသာ
ဈေးက တက်လိုက်ကျလိုက်သွားနေတာတော့ဟုတ်ပါသည် အခုလို အများကြီး ကျလာတော့ အတော်ကို စိတ်ပိန်ရသည် ဈေးအကျကသာ တည တမနက် တခဏနှင့် အောက်ကို ရောက်လာပေမယ့် အတက်ကျပြန်တော့ လပေါင်းများစွာ နှစ်ချီအောင် ပြန်စောင့်ရတက်သည် ဒါက အတော်ကို ဆိုးပါသည် တဖြည်းဖြည်းချင်းပြန်တက်မှာ သိသော်လည်း အချိန်ဘယ်လောက် ပြန်ကြာမည်ဆိုသည်က အတော် စကားပြောပါသည်
အရင်လို ဆယ်ပြားဝန်းကျင်လောက်ကို ပြန်သွားနိုင်တဲ့အတွက် အဲ့ဒီအချိန်ရောက်ခဲ့ရင် ဘယ်လို လုပ်ရမည်လည်းဆိုတာ တွေးနေရသည် အမြင့်ကိုရောက်လာတဲ့အခါတွေမှာတွေးတက်တာက ဆက်တက်ဉီးမှာပါ ဟုသာဖြစ်သည် အကျဘက်သွားနေလည်း တက်တော့မှာပါ ဟုသာဖြစ်သည်
စောင့်ရင်းစောင့်ရင်းနဲ့ ဆယ်ပြားဘဝရောက်သွားလျှင်တော့ အချိန်တွေ များစွာ ထပ်စောင့်ရပေတော့မည်
ငွေကြေးတက်နိုင်တဲ့အချိန်ကာလနဲ့ ဆယ်ပြားဘဝရောက်တဲ့အချိန်နဲ့ အံကျလျှင်တော့ အတော်ကို ဟန်ကျပန်ကျ နိုင်လိမ့်မည် အဲ့အချိန် လီဗာကုန်နင်းပြီး ဝယ်ပြစ်လိုက်မည်ဟု စိတ်မယ် တေးမှတ်ထားရင်း အခုတော့ အကျနှင့်အတူ နေ့စဉ်စာလေးရေးတင်ရလေသည်



0
0
0.000
1 comments